နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
The Wandering Earth ဇာတ်ကားသစ်ကို ၂၀၂၃ ခုနှစ်၊ တရုတ်နှစ်သစ်ကူးနေ့တွင် ရုံတင်ပြသမည်

နိုဝင်ဘာ  ၃၀


တရုတ်နိုင်ငံ၏ အောင်မြင်မှုရရှိထားသော ဇာတ်ကားများထဲတွင်ပါဝင်သည့် The Wandering Earth (2019)၏ နောက်ဆက်တွဲဇာတ်ကားသစ်ကို ၂၀၂၃ ခုနှစ်၊ တရုတ်နှစ်သစ်ကူးနေ့တွင် ရုံတင်ပြသမည် ဖြစ်ကြောင်း သိရ သည်။

The Wandering Earth ဇာတ်ကားသစ်ကို ဒါရိုက်တာကိုးဖန်က တာဝန်ယူရိုက်ကူးမည်ဖြစ်ပြီး မူရင်းဝတ္ထုကိုရေးသားခဲ့သည့် စာရေးဆရာလျူစီရှင်းက အမှုဆောင်ထုတ်လုပ်သူအဖြစ် တာဝန်ယူသွားမည်ဖြစ် သည်။

The Wandering Earth (2019) ဇာတ်ကားသည် ပြန့်ကားလာသည့် နေ၏ဝါးမျိုမှုခံရတော့မည့်အရေးမှ ကမ္ဘာကို ကယ်တင်ရန်ကြိုးစားခဲ့သော အာကာသယာဉ်မှူးများ၏ ကြိုးပမ်းအားထုတ်မှုများကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။

စာရေးဆရာ လျူစီရှင်း၏ The Wandering Earth အမည်ရှိဝတ္ထုကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးခဲ့သော The Wandering Earth (2019) ဇာတ်ကားသည် အောင်မြင်မှုများရရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ထိရရှိခဲ့ကာ တရုတ်နိုင်ငံ၏ သမိုင်းတစ်လျှောက် တတိယမြောက်ဝင်ငွေအကောင်းဆုံး ရုပ်ရှင် ဇာတ်ကားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။                (သူရိန်)






အခြားဆက်စပ်သတင်းများ