နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ဘိုးဘွားရိပ်သာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၇ ဦးတွေ့ရှိ

 ရန်ကုန်  နိုဝင်ဘာ  ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ မင်းရဲကျော်စွာရပ်ကွက် ရန်ကုန်-ပြည်လမ်းတွင် ဖွင့်လှစ်ထားသော ဦးမောင်ရုံးနှင့် ဒေါ်ရင် ဘိုးဘွားရိပ်သာတွင် နိုဝင်ဘာလ ၂၇ ရက်မှစ၍ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၁၀ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ကျန်ရှိသူများအား ဆက်လက်စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာများ ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ဘိုးဘွားရိပ်သာမှ ကျန်ရှိသော ရိပ်သာဝန်ထမ်းအမျိုးသမီးသုံးဦး၊ အဘိုး ၈ ဦး နှင့်အဘွား ၁၀ ဦးတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက RDT Tast Kit ဖြင့် ထပ်မံစစ်ဆေးရာ အဘိုး  ၈ ဦးနှင့် အဘွား ၉ ဦး စုစုပေါင်း  ၁၇ ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။ ဦးမောင်ရုံး နှင့် ဒေါ်ရင် ဘိုးဘွားရိပ်သာတွင် အဘိုး ၁၆ ဦး၊ အဘွား ၁၁  ဦး၊ ရိပ်သာမှူးအမျိုးသမီး တစ်ဦး၊ ဒုရိပ်သာမှူး အမျိုးသား တစ်ဦး နှင့် ရိပ်သာဝန်ထမ်းအမျိုးသမီး နှစ်ဦး စုစုပေါင်း  ၃၁ ဦးတို့ကို စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၇ ဦး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တိုက်ကြီးမြို့နယ်တွင် နိုဝင်ဘာ ၂၈ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း  ၃၅၄ ဦးရှိပြီး သေဆုံးသူ  ၇ ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရီရီလင်း






အခြားဆက်စပ်သတင်းများ