နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းစိန်မြို့နယ်၌ ဘိုကုန်းဈေး တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းအား စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ကြည့်ရှုစစ်ဆေး

ရန်ကုန်  နိုဝင်ဘာ  ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးဝယ်လာရာတွင် အဆင်ပြေ ချောမွေ့စေရန်နှင့် ဈေးရောင်းချသူများ ရောင်းချရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ဘိုကုန်းဈေး တည်ဆောက် ပြုပြင်ခြင်းလုပ်ငန်းကို နံနက် ၁၀  နာရီအချိန်က စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကြည့်ရှုစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိ သူများသည် ရွာမအရှေ့ရပ်ကွက်၊မင်းကြီးလမ်းမှ ဘိုကုန်းဈေးတည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းအား EE ဦးစိုးလွင်မှ တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းခွင်သို့သွားရောက်၍ ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းများကို စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး၊ လုပ်ငန်းခွင်တွင် အန္တရာယ်ကင်းစွာ ဆောင်ရွက်ရေးနှင့် လုပ်ငန်း ပြီးစီးမှု အခြေအနေများစသည်တို့ကို ကြည့်ရှုစစ်ဆေး ဆွေးနွေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်အကြံပြုမှာကြားခဲ့သည်။ အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း၍ အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထက်ဦးယံ






အခြားဆက်စပ်သတင်းများ