နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပြကလော့ဟာ ကမ္ဘာ့အဆင့်မီနည်းပြတစ်ယောက်ဖြစ်သလို ကမ္ဘာ့အဆင့်မီနိုင်ငံရေးသမားပါလို့ နည်းပြဝိုက်ဒါ ဝေဖန်

နိုဝင်ဘာ ၃၀


ပရီးမီးယားလိဂ်မှာ လီဗာပူးတို့က ပရိသတ်တွေ ကွင်းအတွင်းဝင်ရောက်အားပေးခွင့်ရဖို့ အခြေအနေ ရှိနေပါပြီ။ အခြားသောအသင်းတချို့ ဒီအခြေအနေမျိုးမရရှိပါဘူး။ ရှက်ဖီးလ်နည်းပြ ခရစ်ဝိုက်ဒါက နည်းပြ ကလော့ဟာ ပွဲစဉ်တစ်ပွဲအတွင်း လူစားလဲမှု ၅ ကြိမ်ခွင့်ပြုဖို့တောင်းဆိုချက်ဟာ တစ်ကိုယ်ကောင်းဆန် တယ်လို့ ပြောဆိုခဲ့ပါတယ်။ လီဗာပူးဟာ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ကွင်းအတွင်း ပရိသတ် ၂၀၀၀ အထိ ဝင်ရောက်အားပေးခွင့်ရရှိမှာဖြစ်ပါတယ်။ သူတို့လို အခွင့်အရေးမရတဲ့အသင်းက ၁၀ သင်းကျန်ပါ သေးတယ်။ ဒါကြောင့် ဒီကိစ္စဟာမမျှတဘူးလို့ ဝိုက်ဒါကပြောခဲ့တာပါ။ နည်းပြကလော့ဟာ ဒီအခြေအနေမှာ အသင်းအားလုံးအတွက် ပရိသတ်တွေကွင်းအတွင်း ဝင်ရောက်အားပေးဖို့ မတောင်းဆိုတာကို ဝိုက်ဒါက မအံ့သြခဲ့ဘူးလို့ ဆိုပါတယ်။ ဝိုက်ဒါက “သူက ကမ္ဘာ့အဆင့်မီနည်းပြတစ်ဦးဖြစ်ပြီးတော့ ကမ္ဘာ့အဆင့်မီ နိုင်ငံရေးသမားတစ်ဦးပါ။ ဒါပေမယ့် သူက လီဗာပူးအတွက်ပဲ ဂရုစိုက်ပါတယ်။ သူက ဘယ်တုန်းကမှ အခြားအသင်းတွေက ပရိသတ်တွေကွင်းထဲမှာ ပြန်အားပေးနိုင်ဖို့မတောင်းဆိုခဲ့ပါဘူး။ သူက သူ့ရဲ့ ကိုယ်ပိုင်အသင်းအတွက်ပဲ ကြည့်တယ်။ ကျွန်တော်ထိပ်သီးနည်းပြတွေအပေါ် တအားလေးစားပါတယ်။ ဘာလို့လဲဆိုရင် သူတို့ကထိပ်တန်းအဆင့် ရလဒ်တွေရအောင် စွမ်းဆောင်နိုင်ကြပြီး အနိုင်ရလဒ်တွေပုံဖော်နိုင် စွမ်းရှိပါတယ်။ ဒါပေမယ့် သူတို့က တစ်ကိုယ်ကောင်းဆန်ကြတယ်။ သူတို့အသင်းအတွက်ပဲ ကြည့်ကြတယ်။ ရှက်ဖီးအတွက် စိတ်မပူကြဘူး။ အင်္ဂလန်အတွက် စိတ်မပူကြဘူး။ သူတို့က လီဗာပူး၊ ချဲလ်ဆီး၊ မန်စီးတီး လောက်ပဲ။ ကျွန်တော်ဆိုရင်လည်း အတူတူပဲနေမှာပါ။ ကျွန်တော်ရှက်ဖီးအတွက် စိတ်ပူတယ်။ လူစားလဲခွင့် ၅ ကြိမ်က ကျွန်တော်တို့အသင်းတွေအတွက်တော့ အကူအညီမဖြစ်ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ