နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်နယ်တီပြစ်ဒဏ်ဟာ လိုအပ်တာထက် ပိုပြင်းထန်နေတယ်လို့ ဟန်ဒါဆန် ဖွင့်ဟ

နိုဝင်ဘာ ၃၀


စနေညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ရဲ့ လီဗာပူးနဲ့ ဘရိုက်တန်တို့ပွဲစဉ်မှာ ၁−၁ ရလဒ်နဲ့ သရေကျခဲ့ပါတယ်။ လီဗာပူးဟာ ဒီပွဲမှာ VAR ရဲ့ဆုံးဖြတ်ချက်တွေကြောင့် ဆာလက်နဲ့မာနေးတို့ရဲ့ သွင်းဂိုးတွေကို VAR က လူကျွံနေတယ်လို့ဆိုကာ ပယ်ချခံခဲ့ရပါတယ်။ ဒါကြောင့် ဂျိုတာရဲ့ဂိုးနဲ့  တောက်လျှောက်ဦးဆောင်လာခဲ့ပါတယ်။ လီဗာပူးတို့ ဒီပွဲကိုအနိုင်ယူဖို့၊ အနိုင်ရတော့မယ်လို့ ထင်မှတ် ထားချိန်မှာဘဲ ဟန်ဒါဆန်ဘောလုံးရှင်းထုတ်ရာမှာ ပြိုင်ဘက်တိုက်စစ်မှူး ဒန်နီဝဲလ်ဘက်ရဲ့ဖိနပ်ကို အရင်ထိသွားခဲ့ပြီး ပွဲကိုဆက်ကစားနေရာမှ ဒိုင်လူကြီးအက်ဝဲလ်က ကွင်းဘေးကမော်နီတာကိုပြန်ကြည့်ပြီး ဘရိုက်တန်တို့ကိုပင်နယ်တီပေးခဲ့ပါတယ်။ ဒီပင်နယ်တီကို ဂရော့စ်က ဘရိုက်တန်အတွက် ချေပဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာကြောင့်  ၁−၁ ရလဒ် ဖြစ်သွားပါတော့တယ်။ ဟန်ဒါဆန်က “ကျွန်တော့်အမြင်အရတော့ ဒါက ပင်နယ်တီပြစ်ဒဏ်မဟုတ်ဘူးလို့ ထင်ပါတယ်။ ရုပ်သံအနှေးပြကွက်ကို ပြန်ကြည့်ပါတယ်။ ဒါက ပင်နယ်တီမဟုတ်ပါဘူး။ ကျွန်တော်တို့အပတ်တိုင်း ဒီမှာလာပြီးမတော်တဆဖြစ်ရပ်တွေ ဆွေးနွေးနေရသလို ခံစားရပါတယ်။ ကျွန်တော်အနေနဲ့ ဘာမှပြဿနာမဖြစ်လိုပေမယ့် ဒါကပင်နယ်တီမဟုတ်ပါဘူး။ ဝဲလ်ဘတ် တောင်မှ ဒါဟာ ပင်နယ်တီမဟုတ်ဘူးလို့ ကျွန်တော့်ကိုပြောပါတယ်။ ပင်နယ်တီမဟုတ်ဘူးလို့ ထင်တဲ့ဘရိုက်တန်အသင်းသား ၄၊ ၅ ယောက်ရှိပါတယ်။ ကွင်းလယ်ဒိုင်က ကျွန်တော်ထက်ပိုသိမှာ သေချာ ပေမယ့် အသင်းသားတွေရဲ့ စွမ်းဆောင်ရည်က အံ့အားသင့်ဖွယ်ကောင်းပြီး အနိုင် ၃ မှတ်နဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ သွင်းခဲ့တဲ့ ၂ ဂိုးလည်း လူကျွံဘောဆိုပြီးပယ်ဖျက်ခံရပါတယ်”လို့ ပြောခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ