နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Mayakoba Golf Classic ဂေါက်သီးရိုက်ပြိုင်ပွဲမှ ဒက်စတင်းဂျွန်ဆင် နုတ်ထွက်

နိုဝင်ဘာ ၃၀


မက္ကဆီကိုနိုင်ငံ၌ ကျင်းပမည့် Mayakoba Golf Classic ဂေါက်သီးရိုက်ပြိုင်ပွဲမှ ကမ္ဘာ့အဆင့် ၁ ဂေါက်သီးရိုက်ကစားသမား ဒက်စတင်းဂျွန်ဆင် နုတ်ထွက်ခဲ့ကြောင်း သိရသည်။

ဒက်စတင်းဂျွန်ဆင်သည် ပြီးခဲ့သည့် အောက်တိုဘာလက မာစတာဂေါက်သီးရိုက်ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီးနောက် မိသားစုကို အချိန်ပေးလိုသည့်အတွက် Mayakoba Golf Classic ဂေါက်သီးရိုက်ပြိုင်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“Mayakoba Golf Classic ဂေါက်သီးရိုက်ပြိုင်ပွဲနဲ့ပတ်သက်ပြီး သေချာစဉ်းစားကြည့်တော့ ကျွန်တော့်အနေနဲ့ မိသားစုကို ပိုပြီးအချိန်ပေးသင့်တယ်လို့ ခံစားမိပါတယ်။ ဒါကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အခုလို နုတ်ထွက်ခဲ့ရတဲ့အတွက် ကျွန်တော့်ရဲ့ ပရိသတ်တွေ၊ ပြိုင်ပွဲစီစဉ်သူတွေကို တောင်းပန်ပါတယ်။ နောက်နှစ်တွေမှာတော့ ကျွန်တော် သေချာပေါက်ပါဝင်နိုင်အောင် ကြိုးစားသွားမှာပါ” ဟု ဒက်စတင်းဂျွန်ဆင်က ပြောကြားခဲ့သည်။

ဒက်စတင်းဂျွန်ဆင်သည် ယခုနှစ် ဂေါက်သီးရိုက်ရာသီကို ကမ္ဘာ့အဆင့် ၁ နေရာဖြင့် အဆုံးသတ်ခွင့်ရ တော့မည်ဖြစ်သည့်အတွက် ယခုနှစ်မကုန်မီကျင်းပမည့် ပြိုင်ပွဲအချို့မှလည်း နုတ်ထွက်သွားဖွယ်ရှိနေသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ