နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘားအံမြို့နယ်နှင့် ကျိုင်းတုံမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဘားအံ နိုဝင်ဘာ ၂၉

  နိုဝင်ဘာ ၂၈ ရက်၊ ညနေ ၆ နာရီ ၁၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကျားကလေးကျေးရွာအနီး၊ ဂျိုင်း-အိန္ဒုသွားကားလမ်းတွင် အောင်တင်ဝင်း(ခ)ဘသော် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဆိုင်ကယ် တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၄၀ ပြားသိမ်းဆည်းရမိခဲ့ပြီး ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် ၎င်းနေထိုင်သည့် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ သီရိရတနာ(၁)လမ်းရှိ နေအိမ်ကို ဆက်လက် ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၂၀၀ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် အောင်တင်ဝင်း(ခ)ဘသော်(၃၀)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူ ထားကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၂၇ ရက်၊  ည ၉ နာရီ ၄၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်တွင် အားဖူမောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်း၏လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား သိမ်းဆည်း ရမိခဲ့သဖြင့် အားဖူ(၁၅)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ