နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေသခံတောင်သူများထံမှ ဝယ်ယူခဲ့သည့် ရာသီသီးနှံများကို တပ်ရင်း/တပ်ဖွဲ့များသို့ ဖြန့်ဝေ

ရန်ကုန်   နိုဝင်ဘာ  ၃၀

COVID-19  ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုများရပ်ဆိုင်းကာ သီးနှံများဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန်အခက်အခဲဖြစ်ပေါ်လျက်ရှိကာ သီးနှံများပျက်စီးဆုံးရှုံးနိုင်သည့် အခြေအနေများဖြစ်ပေါ်နေသောကြောင့် တောင်သူများထံမှ ရာသီသီးနှံများကို တပ်မတော်ကဝယ်ယူခဲ့ပြီး တိုင်းစစ်ဌာနချုပ်၊ နယ်မြေများအလိုက် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ဖြန့်ဝေပေးလျက်ရှိရာ နိုဝင်ဘာ ၂၉ ရက်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးရှိ တပ်ရင်း/တပ်ဖွဲ့ များမှ တပ်မတော်သားမိသားစုဝင်များထံသို့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်မြို့၊ မွန်းပင်ကျေးရွာ၊ ဆည်ခေါင်းကျေးရွာ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ရေချမ်းစင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံတောင်သူများထံမှ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ဝယ်ယူခဲ့သည့် ဂေါ်ဖီထုပ် ၆,၀၀၀ ထုပ်၊ ဂေါ်ရခါးသီး ၁၅,၀၀၀ လုံး၊ အာလူး ၄,၅၀၀ ပိဿာနှင့် ခရမ်းချဉ်သီး ၄,၃၀၀ ပိဿာတို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ