နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဧရာဝတီမြစ်ကြောင်းတလျှောက် လှည့်ကင်းဆောင်ရွက် ဖောင်ဖြင့်သယ် လာသော တရားမဝင်သစ်များဖမ်းမိ

မန္တလေး  နိုဝင်ဘာ ၃၀

အမှတ်(၁)ရေကြောင်း ရဲကွပ်ကဲမှုအဖွဲ့ခွဲ(မန္တလေး)ကွပ်ကဲမှုအောက်ရှိ ရေယာဉ်(၁၅၉)မှ ဒုရဲမှူး ဖြိုးသီဟ ဦးစီးသော ရေကြောင်းရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၈ ရက်၊ နံနက် ၁၁ နာရီ၊ မိနစ် ၄၀ က မတ္တရာမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဝင်မောင် ဦးစီးအဖွဲ့နှင့်ပူးပေါင်း၍ ဧရာဝတီမြစ်ကြောင်းတလျှောက် တရားမဝင်သစ်သယ်ဆောင်မှုများ လျော့နည်းရေး လှည့်ကင်းဆောင်ရွက်စဉ် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာ မြို့နယ်၊ ဥဒိန်ရွာအနောက်ဘက်၊ သူဌေးကုန်ရေကာတာအနီးတွင် ဝါးဖောင် ၄ ဗျက်အား ပိုင်ရှင်မဲ့ တွေ့ရှိရသဖြင့် စစ်ဆေးရာဖောင်ပေါ်တွင် ဝါးများနှင့်တွဲလျက် ကျွန်းခွဲသားဆိုဒ်စုံ ၈၄ ချောင်း၊ ၂ ဒသမ ၂၈ တန်၊ ကျွန်းခွဲခြမ်း ၆၂ ချောင်း ၂ ဒသမ ၄၉ တန်၊ ၃ ပေအောက် ကျွန်းသစ်လုံး ၅၁ လုံး ၃ ဒသမ ၇၅ တန် စုစုပေါင်း ၈ ဒသမ ၅၃ တန် စုစုပေါင်းကာလတန်ဖိုး ၄၆ ဒသမ ၄၅ သိန်းဖိုးခန့် ပိုင်ရှင်မဲ့သိမ်းဆည်းရမိပြီး ယင်းသစ်များ အား မတ္တရာမြို့နယ်၊ စိန်ပန်းကုန်သစ်တောဘိနယ်သစ်တောရုံးတွင် သိမ်းဆည်းပြီး သစ်သယ်ဆောင်လာသူများအား စုံစမ်းဖော်ထုတ်လျက်ရှိသည်။  

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ