နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်နှင့် မကာအိုအကြား Relief Flight များ လာမည့် ဒီဇင်ဘာ ၃ ရက်တွင် ထပ်မံပြေးဆွဲပေးမည်

ရန်ကုန်  နိုဝင်ဘာ ၃၀

မြန်မာအမျိုးသားလေကြောင်း(MNA)အနေနှင့် ယခုကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက် ကာလအတွင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ၊ မကာအိုမြို့အကြား ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်(Relief Flight)များကို လာမည့် ဒီဇင်ဘာ ၃ ရက်တွင် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မကာအို၊ မကာအို-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ ထပ်မံပျံသန်းပြေးဆွဲရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး  တရုတ်နိုင်ငံ၊  မကာအို မြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများတွင် ရောက်ရှိနေကြ သည့် နေရပ်သို့ပြန်လိုကြသော မြန်မာနိုင်ငံသားများနှင့် မကာအိုဒေသသို့ အရေးကြီးကိစ္စများကြောင့် သွားရောက်လိုသူများအတွက် အဆင်ပြေစေရန်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ရန်ကုန်-မကာအို-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်အား ပျံသန်းပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်း (MNA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ပျံသန်းပြေးဆွဲရာတွင် ရန်ကုန်-မကာအို Relief Flight သည် လာမည့် ဒီဇင်ဘာ ၃ ရက်၊ ၉ နာရီ ၃၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး မကာအို-ရန်ကုန် Relief Flight မှာလည်း ဒီဇင်ဘာ ၃ ရက်၊ ညနေ ၃ နာရီ ၃၀ မိနစ်တွင် တရုတ်နိုင်ငံ၊ မကာအိုမြို့မှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း၊ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ ဖြစ်မြောက်ရေးအတွက် မြန်မာအမျိုးသားလေကြောင်း(MNA)နှင့်အတူ သက်ဆိုင်ရာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့မှလည်း ပူးပေါင်း ကူညီဆောင်ရွက်ကြကြောင်း သိရသည်။

ယင်း Relief Flight ခရီးစဉ်များတွင် သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြုသူ များကိုသာ ကန့်သတ်ထားသော ခရီးသည်အရေအတွက်အတိုင်း လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက MNA Call Center ဖုန်းနံပါတ် +951 378603-04-06-07-08 နှင့် +951 377840-41-42 တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ