နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းစည်ပင်နယ်နိမိတ်အတွင်းရှိ လှည်းကူးမြို့နယ်သို့ mobile market စနစ်ဖြင့် လှည့်လည်ရောင်းချလျက်ရှိ

ရန်ကုန် နိုဝင်ဘာလ ၃၀ ရက်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ ပူးပေါင်း၍ အောက်တိုဘာလ ၂၆ ရက်နေ့မှစ၍ မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း နေ့စဥ်ရောင်းချပေးလျက်ရှိသည့်အပြင် တိုင်းစည်ပင်သာယာရေးနယ်မြေရှိ မြို့နယ်များကိုလည်း နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်ကာ ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရန်ကုန်‌မြောက်ပိုင်းခရိုင်အတွင်းရှိ လှည်းကူးမြို့နယ်၊ ဒါးပိန်လမ်းခွဲ၊ လှည်းကူးမီးပွိုင့်အနီးနှင့် ‌ဖောင်ကြီးလမ်းတို့၌ သွားရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယခုလို ရောင်းချပေးရာတွင် ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန၊ ဌာနမှူး ဒေါက်တာတိုးအောင်၊ လှည်းကူးမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လမ်းညွှန်မှာကြားပြီး တိုင်းစည်ပင်သာယာရေးအဖွဲ့၏ ဝန်ထမ်းများက ယခုလက်ရှိ ဖြစ်ပေါ်နေသော COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် နိုင်‌စေရန်အတွက် စျေးဝယ်သူအချင်းချင်း လူစုလူဝေးမဖြစ်ပေါ်စေရန်၊ တစ်ဦးနှင့် တစ်ဦး အနည်းဆုံး ၆ ပေအကွာမှာနေ၍ တန်းစီစနစ်ဖြင့် စနစ်တကျဝယ်ယူအားပေးကြရန် အတွက် Hand Speakerဖြင့် လိုက်ပါအသိပေးခြင်း၊ လူကိုယ်တိုင် အနီးကပ်နေ၍ သတိပေးခြင်းများကိုလဲ လိုက်လံနှိုးဆော်ကူညီ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ယနေ့ လှည်းကူးမြို့နယ်သို့ လာရောက်ရောင်းချသော ရောင်းကုန်များမှာ စားသုံးဆီ၊ ငရုပ်၊ ကြက်သွန်(အဖြူ၊ အနီ)၊ ငါးသေတ္တာဗူး၊ နို့ဆီ၊ ကြက်သား၊ ရေချိုရေငန် ငါးပုဇွန်အမျိုးမျိုး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်မျိုးစုံနှင့် မီးဖိုချောင်သုံး စားသောက်ကုန်များကို ကား(၆)စီးဖြင့် လှည့်လည်ရောင်းချပေးခဲ့သည်။

သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ