နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသင်းကစားသမားများ လစာလျှော့ယူတော့မှာကြောင့် ဘဏ္ဍာရေးပြန်လည်အဆင်ပြေလာမယ့် ဘာစီလိုနာ

နိုဝင်ဘာ ၂၉


COVID-19  ကြောင့် ဘဏ္ဍာရေးအကျပ်ဆိုက်နေတဲ့ ဘာစီဟာ အသင်းသားတွေလစာလျှော့ယူဖို့တွေ မညှိနှိုင်းပါက ဒေဝါလီခံရမယ့် အနေအထားနဲ့ရင်ဆိုင်ရတော့မှာပါ။ ဒါကြောင့် အသင်းတာဝန်ရှိသူတွေနဲ့ ကစားသမားတွေ ရက်သတ္တပတ်အနည်းငယ်ကြာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ရာမှာတော့ မက်ဆီ၊ ဂရစ်ဇ်မန်းနဲ့ နည်းပြကိုးမန်းအပါအဝင် အားကစားသမားအချို့တို့က လစာလျှော့ယူဖို့ကို သဘောတူခဲ့ကြပါတယ်။ ဒီလိုညှိနှိုင်းမှုတွေ အဆင်ပြေခဲ့တာကြောင့် ဘာစီဟာ နောက်ထပ်သုံးနှစ်အထိ ယူရို ၁၂၂ သန်းကိုလျှော့ချ နိုင်ဖို့ သဘောတူညီမှုရခဲ့ကြတာပါ။ ဘာစီအနေနဲ့ ဒီကာလအတွင်းမှာတော့ တစ်ရာသီကို လုပ်ခလစာ ယူရိုသန်း ၅၀၀ ပေးချေနေရဦးမှာပါ။ ဘာစီအသင်းက “ဒီရာသီအတွက် လစာလျှော့ချဖို့ ဆွေးနွေးမှုတွေက မူအားဖြင့် သဘောတူညီမှုရခဲ့ပါပြီ။ ယူရို ၁၂၂ သန်းအထိရှိပြီးတော့ နောက်ထပ် ၃ နှစ်အထိ ရွှေ့ဆိုင်းဖို့ပါ သဘောတူညီမှုရခဲ့ကြပါတယ်။ နှစ်ဖက်စလုံး ကြီးမားတဲ့ အားစိုက်မှုတွေပြုလုပ်ခဲ့ကြပြီး ဒီသဘောတူညီချက် က အသင်းရဲ့လက်ရှိစီးပွားရေးအခြေအနေကို အကျိုးသက်ရောက်စေမှာပါ။ ဒီလိုအားထုတ်နိုင်ခဲ့လို့လည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုသင့်ပါတယ်”လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဘာစီအသင်းဟာ ဘဏ္ဍာရေးအကျပ် အတည်းနဲ့အတူ အသင်းရဲ့ပြိုင်ပွဲရလဒ်တွေကလည်း ဆိုးရွားနေခဲ့တာကြောင့် လာလီဂါမှာ အဆင့် ၁၀ ရောက်ရှိနေတာပါ။ ချန်ပီယံလိဂ်မှာတော့ ၁၆ သင်းအဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။ ဘာစီရဲ့ညှိနှိုင်းမှုတွေ အဆင်ပြေခဲ့တာကြောင့် ဘဏ္ဍာရေးနဲ့ပတ်သက်ပြီး အနည်းငယ်စိတ်အေးခဲ့ရတဲ့အပြင် အသင်းရဲ့ရလဒ်တွေလည်း ပြောင်းလဲနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ