နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အကောင်းဆုံးကစားသမားဆုစာရင်းဝင်သလို အလှဆုံးသွင်းဂိုးဆုမှာလည်း ရေပန်းစားနေတဲ့ ဆွန်ဟောင်မင်

နိုဝင်ဘာ ၂၉


ကမ္ဘာ့အလှဆုံးသွင်းဂိုးဆုဆိုတာက ရီးရဲလ်နဲ့ ဟန်ဂေရီရဲ့နာမည်ကျော် ဂန္တဝင်ကစားသမားကြီးပွရှ်ကပ် အမည်ကိုအစွဲပြုပြီး ပွရှ်ကပ်ဆု၊ ကမ္ဘာ့အလှဆုံးသွင်းဂိုးဆုကိုခေါ်တာပါ။ လက်ရှိတစ်နှစ်တာ ကမ္ဘာ့အလှဆုံး သွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းထွက်ပေါ်လာပြီးနောက် ပရီးမီးယားလိဂ်ရဲ့ အာရှအကောင်းဆုံး ကစားသမားလေး ဆွန်ဟောင်မင်ရဲ့တစ်ကိုယ်တော်အစွမ်းနဲ့ ဖြတ်ကျော်သွင်းယူနိုင်ခဲ့တဲ့ ဂိုးကဦးဆောင် နေပြီး လူးဝစ်ဆွာရက်နဲ့ အခြားကစားသမားတွေရဲ့ဂိုးတွေလည်း ဆန်ခါတင်စာရင်းမှာပါဝင်လာပါ တယ်။ လက်ရှိပွရှ်ကပ်ဆုကို ပရီးမီးယားလိဂ်က ဆာလက်ရရှိထားပြီး ဆွန်ဟောင်မင်သာထပ်ရရင် အင်္ဂလန်လိဂ်က ဥရောပအဆင့်သတ်မှတ်ချက်မှာ အမှတ်ပိုများဦးမှာပါ။ ပွရှ်ကပ်ဆုကို ရော်နယ်ဒို၊ ဆာလက်၊ ဟားမိစ်ရို့ဒရီဂွက်ဇ်၊ နေမာ၊ မိုဗစ်ချ်တို့ရရှိခဲ့ပြီး မလေးရှားကစားသမားလည်း ရရှိခဲ့ပေမယ့် မက်ဆီကတော့ (၇)ကြိမ်အထိ ဆန်ခါတင်စာရင်းဝင်ခဲ့ပေမယ့် တစ်ကြိမ်မှဆုမရခဲ့သေးပါဘူး။ လက်ရှိ ဆန်ခါတင်စာရင်းမှာတော့ ဆွာရက်ဇ်ရဲ့ မလ်ရိုကာအသင်းဖက်ကို နောက်ပေါက်နဲ့ကန်သွင်းခဲ့တဲ့ ဂိုးက အတော်ရေပန်းစားနေပြီး ဆုအတွက် တစ်ပေးခံနေရပါတယ်။ ဒါပေမယ့် သုံးသပ်သူတွေကတော့ ဆွန်ဟောင်မင်ရဲ့ ၂၀၁၉ က ဗီလာနဲ့ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမား ၇ ယောက်ကိုလိမ်ခေါက်ကာ ၇၈ ကိုက် အထိဆွဲပြေးပြီး ကန်သွင်းခဲ့တဲ့ဂိုးသာလျှင် ဒီဆုနဲ့ထိုက်တန်တယ်လို့ ဖော်ပြနေကြပါတယ်။ ဒီဂိုးကြောင့် ဆွန်ဟောင်မင် ပရီးမီးယားမှာ တစ်လတာအကောင်းဆုံးဂိုးဆုရခဲ့သလို တစ်ချိန်က နေမာတို့ ဘန်းတို့စ်တို့လို လှပသေသပ်တဲ့ဂိုးလို့ သတ်မှတ်နေကြပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ