နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူးအသင်းက အေဂျက်ခံစစ်ကစားသမား ပါရှူးကို ခေါ်ယူရန် စီစဉ်

နိုဝင်ဘာ ၂၉


လီဗာပူးအသင်းသည် ခံစစ်အားနည်းနေမှုကို ဖြေရှင်းနိုင်ရန်အတွက် အေဂျက်ခံစစ်ကစားသမား ပါရှူးကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

လီဗာပူးအသင်းသည် အဓိက ခံစစ်ကစားသမားများ ဒဏ်ရာပြဿနာဖြင့် ရင်ဆိုင်ခဲ့ရပြီးနောက် ခံစစ်ပိုင်း အားနည်းနေမှုရှိနေသည့်အတွက် နည်းပြကလော့ပ်အနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ရန် အသင်း၏ခံစစ်ပိုင်းကို ပြင်ဆင်ရေးအတွက် အေဂျက်အသင်းခံစစ်ကစားသမား ပါရှူးကို ခေါ်ယူနိုင်ရန် စီစဉ် နေခြင်းဖြစ်သည်။

လီဗာပူးအသင်း၏ ဗဟိုခံစစ်အတွဲဖြစ်သည့် ဗန်ဒိုက်နှင့် ဂိုမက်ဇ်တို့မှာ ဒဏ်ရာပြဿနာများဖြင့် ကာလရှည်အနားယူနေရပြီး အသင်းခံစစ်ပိုင်းတွင် အားနည်းနေသည်။ ထို့ကြောင့် လီဗာပူးအသင်းက ဗဟိုခံစစ်ကစားသမားဖြစ်သည့် ပါရှူးကို ခေါ်ယူလိုနေခြင်းဖြစ်သည်။

အသက် ၂၁ နှစ်အရွယ်ရှိ ပါရှူးသည် နယ်သာလန်ကလပ် ဖော်ကျူနာအသင်း လူငယ်အစီအစဉ်မှ ပေါ်ထွက် ခဲ့ကာ ဖော်ကျူနာလူငယ်အသင်းတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သည့်အတွက် အေဂျက်အသင်းက ၂၀၁၈ ခုနှစ်တွင် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အေဂျက်အသင်းတွင် ခြေစွမ်းပြကစားနေသူတစ်ဦးဖြစ်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ