နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချဲလ်ဆီးပိုင်ရှင်အဖြစ်နဲ့ ပွဲပေါင်း ၁၀၀၀ ပြည့်တော့မယ့် ဘီလျံနာသူဌေးကြီး အေဗရာမိုဗစ်

နိုဝင်ဘာ ၂၉


တနင်္ဂနွေည ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ မှာ လန်ဒန်ဒါဘီပွဲအဖြစ် ချဲလ်ဆီးနဲ့စပါးတို့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးနည်းပြလမ်းပတ်ကတော့ ပိုင်ရှင်မိုဗစ်အတွက် ဒီပွဲကိုနိုင်အောင်ကစားပေးသင့် တယ်လို့ သူ့ရဲ့အသင်းသားတွေကို တိုက်တွန်းထားပါတယ်။ ရုရှားဘီလျံနာကြီး မိုဗစ်ဟာ ၂၀၀၃ ခုနှစ်က စပြီး ချဲလ်ဆီးအသင်းကိုဝယ်ယူခဲ့ကာ အလယ်အလတ်အဆင့်ကနေ ပြည်တွင်းရော၊ ပြည်ပမှာပါ လွှမ်းမိုးမှုရှိ လာအောင် အသင်းကိုထောက်ပံ့ပေးခဲ့ပါတယ်။ ဖန်တီးပေးခဲ့ပါတယ်။ နည်းပြလမ်းပတ်ဟာလည်း မိုဗစ်ရဲ့ လက်အောက်မှာ အသင်းသားအဖြစ်ပါဝင်ခဲ့သလို ၁၂ ယောက်မြောက်နည်းပြအဖြစ် လက်ရှိတာဝန်ယူ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ယခုမိုဗစ်ရဲ့အသင်းဟာ စပါးနဲ့ဆုံတွေ့တဲ့ပွဲစဉ်က မိုဗစ်အတွက် ပွဲ ၁၀၀၀ မြောက်ဖြစ်တာကြောင့် ဒီပွဲမျိုးကိုပိုင်ရှင်အတွက် အနိုင်ယူပေးသင့်တယ်လို့ လမ်းပတ်က အသင်းသားတွေကို တိုက်တွန်းရခြင်းပဲဖြစ်ပါတယ်။ လမ်းပတ်က “အသင်းရဲ့ ပွဲပေါင်းများစွာမှာ ကစားသမားအဖြစ် နည်းပြအဖြစ် ပါဝင်ခဲ့ပေမယ့် မိုဗစ်အတွက်ဘာမှကြီးကြီးမားမား မလုပ်ဆောင်ပေးနိုင်ခဲ့ပေမယ့် ကျေးဇူးတင်မှုကြီးတော့ ပေးနိုင်ခဲ့ပါတယ်။ အသင်းကိုပိုင်ဆိုင်ခဲ့တဲ့နှစ်တွေအတွင်း ထောက်ပံ့အားပေးမှုကောင်းကောင်း မရှိခဲ့ရင် အောင်မြင်မှုကိုမရနိုင်ပါဘူး။ ခုဆိုရင် အသင်းရဲ့ဘဏ္ဍာရေးပိုင်း အရမ်းတိုးတက်လာခဲ့တာကြောင့် ဆုဖလားတွေ ရယူပိုင်ဆိုင်ဖို့ဆိုတာလည်း ဖြစ်လာနိုင်ခြေရှိပါတယ်။ ဒီကျေးဇူးကို ကျွန်တော်တို့ဘက်က သိတတ်ရမှာပါ။ နှစ်ဦးနှစ်ဖက်အပြန်အလှန်အကျိုးဖြစ်ထွန်းဖို့အတွက် ကွင်းအတွင်းအောင်မြင်မှုတွေကို ကျွန်တော်တို့ ရယူပေးရပါလိမ့်မယ်။ ကျွန်တော်တို့ မိုဗစ်အတွက် ဒီပွဲစဉ်ကိုအနိုင်ယူပေးရပါ့မယ်။ နိုင်ပွဲရခဲ့ရင် မိုဗစ်အတွက် အကောင်းဆုံးကျေးဇူးသိတတ်မှုတစ်ခုဖြစ်သွားမှာပါ”လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ