နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ်မှာ သွင်းဂိုးအများဆုံးနဲ့ ဂိုးဖန်တီးမှုအများဆုံးထိပ်ဆုံးက ရပ်တည်နေတဲ့ ဖာနန်ဒက်စ်

နိုဝင်ဘာ ၂၉


ပေါ်တူဂီလက်ရွေးစင်၊ မန်ယူရဲ့ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ဟာ အင်္ဂါနေ့ညက ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ဘာဆက်ဆီဟာအသင်းနဲ့ယှဉ်ပြိုင်ရာမှာ ဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ကစားသမားတွေအနက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ၂၁ ဂိုးနဲ့ရပ်တည်နေနိုင် ခဲ့သလို ဂိုးဖန်တီးမှု ၁၃ ကြိမ်နဲ့ ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ်လည်း ထိပ်ဆုံးမှာရပ်တည် နေခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ဖေဖော်ဝါရီလမှာ မန်ယူအသင်းနဲ့အတူ ပထမဆုံးပွဲကစားခဲ့ပြီး အဲဒီ နောက်ပိုင်း လက်ရှိအချိန်မှာ ဂိုးသွင်းအများဆုံးနဲ့ ဂိုးဖန်တီးမှုအများဆုံးရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကတော့ ဖာနန်ဒက်စ်ထက် ပွဲ ၁၁ ပွဲပိုနည်းခဲ့ပြီး သွင်းဂိုး ၂၀ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဖာနန်ဒက်စ်ဟာ စပို့တင်းကနေ ပေါင် ၅၅ သန်းနဲ့ မန်ယူကိုရောက်ရှိလာပြီး ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုပေါင်း ၃၄ ဂိုးရရှိခဲ့တာကြာင့် ဟယ်ရီကိန်းထက် ၃ ဂိုးအသာရထားပါတယ်။ တတိယနေရာမှာတော့ စပါးတိုက်စစ်မှူးဆွန်ဟောင်မင်က ၂၆ ပွဲကစား ၁၇ ဂိုးသွင်း၊ ၈ ဂိုးဖန်တီးပြီး ဒီဘရိုင်းက ၂၉ ပွဲကစား ၁၀ ဂိုးသွင်း ၁၃ ဂိုးဖန်တီးမှုနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။ ဖာနန်ဒက်စ်ဟာ ဘာဆက်ဆီဟာနဲ့ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပင်နယ်တီရရှိလာချိန်မှာ ဟက်ထရစ်ရမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ပြီး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ကန်သွင်းစေခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ