နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Don’t Worry Darling ရုပ်ရှင်ဇာတ်ကားတွင် မင်းသား ဟယ်ရီစတိုင် ပြန်လည်ပါဝင်လာ

နိုဝင်ဘာ  ၂၈

အဆိုတော်နှင့် ရုပ်ရှင်သရုပ်ဆောင် ဟယ်ရီစတိုင်သည် Don’t Worry Darling ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးလုပ်ငန်းများ၌ ပြန်လည်ပါဝင်နေပြီဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါကြောင့် ရိုက်ကူးရေးလုပ်ငန်းများကို ယာယီရပ်နားထားရသော Don’t Worry Darling ဇာတ်ကားကို ဒါရိုက်တာ အိုလီဗာဝိုင်းက လော့စ်အိန်ဂျလိစ်မြို့တော်၌ ပြန်လည်စတင်ရိုက်ကူးနေပြီဖြစ် သည်။

အဆိုပါဇာတ်ကား ပြန်လည်ရိုက်ကူးချိန်တွင် လော့စ်အိန်ဂျလိစ်ရိုက်ကွင်း၌ မင်းသား ဟယ်ရီစတိုင်နှင့် မင်းသမီး ဖလောရင့်ပက်တို့နှစ်ဦးစလုံး ပြန်လည်ပါဝင်နေပြီဖြစ်ကြောင်း သိရသည်။

မင်းသား ဟယ်ရီစတိုင်သည် ဒါရိုက်တာ ခရစ္စတိုဖာနိုလန် ရိုက်ကူးခဲ့သည့် Dunkirk (2017) ဇာတ်ကားတွင် သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ပါဝင်ခဲ့ပြီး Don’t Worry Darling ထိတ်လန့်သည်းဖိုဇာတ်ကားမှာ ယင်း၏ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ