နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရစ္စမတ်မှာ ပန်နာတိုနာကိတ်မစားခဲ့ရရင် ကျွန်တော်နဲ့ မထိုက်တန်လို့ပါလို့ ပြောတဲ့ နည်းပြကွန်တီ

နိုဝင်ဘာ  ၂၈

ဒီရာသီရဲ့လက်ရှိအခြေအနေအရ အင်တာတို့ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အင်တာဟာ ချန်ပီယံလိဂ် ကော စီးရီးအေမှာပါ စွမ်းဆောင်ရည်တွေကျဆင်းနေပါတယ်။ ချန်ပီယံလိဂ်ပွဲစဉ် ၄ မှာ ရီးရဲလ်ကို အိမ်ကွင်းမှာ             ၂ ဂိုးပြတ်နဲ့ ရှုံးတာကြောင့် လေးပွဲ ကစားပြီး ၂ မှတ်သာရထားကာ အုပ်စုရဲ့အဆင့် ၄ မှာ ရပ်တည်နေပါတယ်။ ဒါကြောင့် အုပ်စုကနေလှည့်ပြန်ရမယ့်ကိန်းရောက်နေပါတယ်။ ဒါ့အပြင် စီးရီးအေမှာလည်း အင်တာဟာ ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရောက်ရှိနေပါတယ်။ အင်တာရဲ့နည်းပြ ကွန်တီဟာ ရီးရဲလ်ကို ၂−၀ ရလဒ်နဲ့ ရှုံးတဲ့ပွဲအပြီးမှာ အသင်းကနေထုတ်ပယ်ခံရဖို့ နီးစပ်နေပါပြီ။

ကွန်တီဟာ အင်တာအသင်းကို ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်ကစပြီး တာဝန်ယူခဲ့ပေမယ့် အောင်မြင်မှုကြီးကြီးမားမားရအောင် မစွမ်းဆောင်နိုင်သေးပါဘူး။ ကွန်တီကို သရော်တဲ့အနေနဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တီပီရိုဒိုအောရိုလို့အမည်ရတဲ့ ရွှေရောင်ကြံ့ဆုဖလားကို ဆုချပေးခဲ့ကြပါတယ်။ သတင်းမီဒီယာတွေက အသင်းနဲ့အတူ ပန်နာတိုနာကိတ်စားနိုင်မလားလို့ ကွန်တီကို မေးခဲ့ပါတယ်။ ပန်နာတိုနာကိတ်ဆိုတာက အင်တာက အစပြုခဲ့တဲ့ ကိတ်တစ်မျိုးပါ။ ခရစ္စမတ်နဲ့ နှစ်သစ်ကူး တွေမှာ စားတဲ့ကိတ်ပါ။ ကွန်တီကို ခရစ္စမတ်ပွဲတော်မှာ အသင်းနဲ့အတူ ရှိမလား၊ ဒါမှမဟုတ် အသင်းကနေ ထုတ်ပယ်ခံရနိုင်လားလို့ မေးတဲ့အဓိပ္ပါယ်ပါ။ ကွန်တီက အဲဒီမေးခွန်းကို “ကျွန်တော် ပြီးမြောက်အောင်                လုပ်စရာတွေအများကြီးကျန်ပါသေးတယ်။ ကျွန်တော်သာ အသင်းနဲ့အတူ ပန်နာတိုနာကိတ်မစားနိုင်ခဲ့ရင် အဲဒါက ကျွန်တော်နဲ့ မထိုက်တန်လို့ပဲဖြစ်ပါလိမ့်မယ်”လို့ ဖြေကြားခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ