နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လာလီဂါ ဆက်လက်ရပ်တည်နိုင်ဖို့ ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုများ

နိုဝင်ဘာ  ၂၈

ဥရောပမှာအကောင်းဆုံးလိဂ်တစ်ခုဖြစ်တဲ့ စပိန်လာလီဂါဆက်လက်ရပ်တည်နိုင်ရေးနဲ့အတူ ကမ္ဘာ့ ဘောလုံးလောကရဲ့ ပြဿနာတွေဟာ အထွတ်အထိပ်ကိုရောက်နေပြီလို့ လာလီဂါအကြီးအကဲတစ်ယောက် ဖြစ်သူ ဂျာဗီးယားတိဘက်စ်က ပြောကြားသွားရာမှာ “လာလီဂါအတွက် အဓိကပြဿနာတွေကတော့ ပရိသတ်တွေကွင်းအတွင်း ပြန်လည်ကြည့်ရှုခွင့်ရဖို့၊ မက်ဆီနဲ့ ဘာစီတို့ရဲ့ အကွဲအပြဲဇာတ်လမ်းတွေ၊ ပြိုင်ပွဲတစ်ခု နောက်က ငွေမျက်နှာတွေနဲ့အခြားအရေးကြီးတဲ့ အရာတွေနဲ့အတူ လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတချို့ကို ကျွန်တော် ထောက်ပြသွားပါမယ်။ ရာသီသစ်ပြန်မစခင် ၁၀ ဦးပါအဖွဲ့တစ်ခုစီဖွဲ့ရတယ်။ နေ့တိုင်း ဆုံးဖြတ်ချက် တွေက အပြောင်းအလဲရှိနေတော့ ချမှတ်ရတာခက်ပါတယ်။ ဒါပေမယ့် မြန်မြန်ဆန်ဆန်လုပ်ဆောင်ဖို့ လိုပါတယ်။ အောင်မြင်အောင်လုပ်ဆောင်မယ်လို့ တွေးထားရပါမယ်။ ကလပ်အသင်းတွေနဲ့ ဗီဒီယိုမီတင်း တွေ အမြဲလုပ်နေရမှာပါ။

ဆက်သွယ်နေရမှာပါ။ လေ့ကျင့်ရေးတွေပြန်စဖို့၊ စီးပွားရေးနဲ့ စာချုပ်ကိစ္စတွေ အလုံးစုံပြောကြရပါတယ်။ ကလပ်အသင်းတွေရဲ့ဘဏ်တွေ၊ ရန်ပုံငွေတွေကိုပါ ဆက်သွယ်ရပါတယ်။ ရာသီ ပြီးဆုံးချိန်ထိ အသင်းတွေနဲ့အစဉ်ပြေအောင်ညှိနှိုင်းဖို့ လိုပါတယ်။

 ကလပ်အသင်းတွေ ကို လာလီဂါက တစ်နှစ်ကို ယူရိုသန်း ၆၀ လောက်အပျော်တမ်းကော၊ အာအက်ဖ်အီးအက်ဖ်တွေကို ထောက်ပံ့ရပါတယ်။ အဓိက ကတော့ အနာဂတ်အတွက် ဘယ်လိုကြိုတင်ပြင်ဆင်မလဲ၊ အမျိုးသမီးဘောလုံးသမားလစာနဲ့ အသင်းတွေကို တတ်နိုင်သမျှ ကိုင်တွယ်နေရပါတယ်။ Covid အခြေအနေကို တစ်ဦးတစ်ယောက်ချင်း ကာကွယ်ကြဖို့ပါ။

ရောဂါအနည်ထိုင်သွားတဲ့နေရာမှာ ပရိသတ်အနည်းအကျဉ်းဝင်ခွင့်ပြုဖို့၊ ပရိသတ် ၃၀၀၀ လောက်နဲ့စပြီး နောင်ကွင်းပြည့်ထိ ပရိသတ်ရှိဖို့ ကြိုးစားရပါမယ်။ ဘာစီအသင်းတို့၊ မက်ဆီတို့လို နာမည်ကြီး ကစားသမားတွေ၊ နည်းပြတွေရဲ့ပုံရိပ်တွေနဲ့ နောက်လေးရာသီလောက်ထိ ဆွဲဆောင်ထားရမယ်။ စပွန်ဆာတွေနဲ့ အသင်းပုံရိပ်တွေမကျအောင် ထိန်းထားရပါမယ်။ အကောင်းဆုံးသင်ယူရမယ့်အရာတွေကို ရွေးချယ်ပြီး အသင်းလိုက်လုပ်ဆောင်ရပါမယ်”လို့ ပြောကြားခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ