နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူအသင်းက အေစီမီလန်ကွင်းလယ်ကစားသမား ကယ်လ်ဟန်နိုဂလူကို ခေါ်ယူနိုင်ရန် နီးစပ်နေ

နိုဝင်ဘာ  ၂၈

မန်ယူအသင်းသည် အေစီမီလန်အသင်း ကွင်းလယ်ကစားသမား ကယ်လ်ဟန်နိုဂလူကို အလွတ် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေကြောင်း သိရသည်။

အသက် ၂၆ နှစ်အရွယ်ရှိ ကယ်လ်ဟန်နိုဂလူသည် အေစီမီလန်အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ် သက်တမ်းမှာ နောက်ဆုံးနှစ်ထဲသို့ ရောက်ရှိနေပြီး အသင်းက ယင်းကို စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်လျက် ရှိသည်။

သို့သော် မန်ယူအသင်းက ကယ်လ်ဟန်နိုဂလူကို ခေါ်ယူနိုင်ရေးအတွက် ကစားသမား၏ အေးဂျင့်နှင့် ဆွေးနွေးနေပြီး လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူနိုင်ရန် နီးစပ်လျက်ရှိနေသည်။

ထို့ပြင် ဂျူဗင်တပ်အသင်းကလည်း ကယ်လ်ဟန်နိုဂလူကို ခေါ်ယူရန် ပြင်ဆင်နေသည့်အတွက် မန်ယူအသင်း အနေဖြင့် ယင်းကို ခေါ်ယူနိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။
ကယ်လ်ဟန်နိုဂလူသည် လက်ရှိ ဘောလုံးရာသီတွင် အေစီမီလန်အသင်းအတွက် ၁၃ ပွဲ ပါဝင်ကစားပေးထားပြီး သွင်းဂိုးလေးဂိုး သွင်းယူပေးထားကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ