နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက်ဆီရဲ့လုပ်ခလစာမြင့်မားမှုနဲ့ လက်ရှိခြေစွမ်းပိုင်းကျဆင်းမှုကြောင့် မန်စီးတီးခေါ်ယူဖို့ တွန့်ဆုတ်နေ

နိုဝင်ဘာ  ၂၈

Sky Sports နဲ့ MumdoDeportivo သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရဆိုရင် မန်စီးတီးအသင်းဟာ သူတို့ရဲ့ဦးစားပေးခေါ်ယူဖို့ပစ်မှတ်ထားတဲ့ မက်ဆီကို ခေါ်ယူရေး ကြိုးစားမှုတွေကို ပြန်လည်သုံးသပ်နေတယ်လို့  သိရပါတယ်။ ဘာစီတိုက်စစ်မှူး မက်ဆီဟာ ယခုဘောလုံးရာသီပြီးဆုံးချိန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်တာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့အတွက် ကစားသမားကိုယ်တိုင်ပြောင်းရွှေ့မယ့်အသင်းနဲ့                     အကြိုသဘောတူညီမှုစာချုပ်ချုပ်ဆိုနိုင်တဲ့အခွင့်အရေးရရှိနေပါပြီ။ လတ်တလောမှာ မန်စီးတီးအသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် သတင်းထောက် Semra Hunter နဲ့ Mundo Deportivo သတင်းဌာနတို့ရဲ့ ဖော်ပြချက်မှာတော့ မန်စီးတီးဟာ မက်ဆီရဲ့ လက်ရှိခြေစွမ်းကျဆင်းမှုရယ်၊ ကစားသမားဘဝ နောက်ဆုံးအချိန်မှာ ရှိနေတာရယ်၊ မန်စီးတီးကအလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်သည့်တိုင်အောင် သူ့ရဲ့ တစ်နှစ်လုပ်ခယူရိုသန်း ၁၀၀ ပေးချေဖို့ အခက်အခဲရှိနေတာရယ်တို့ကြောင့် မန်စီးတီးဟာ မက်ဆီအတွက်     ကမ်းလှမ်းမှုတွေရှိလာတော့မှာမဟုတ်တော့ဘူးလို့ ဖော်ပြလာကြပါတယ်။

သတင်းထောက် Hunter က “မက်ဆီအတွက် မန်စီးတီးရဲ့တံခါးတွေအားလုံး ပိတ်သွားပါပြီ။ မက်ဆီရဲ့ အပြောင်းအရွှေ့နဲ့ နီးစပ်သူတစ်ဦးက ကျွန်တော့်ကို လက်ရှိမှာ မန်စီးတီးက မက်ဆီကို ခေါ်တော့မှာ မဟုတ် ကြောင်း ပြောခဲ့ပါတယ်။ ကျွန်တော်သိရတဲ့သတင်းအရတော့ မက်ဆီရဲ့ ခြေစွမ်းပိုင်းကျဆင်းမှု၊ အသက်အရွယ် ရလာမှု၊ များပြားတဲ့လုပ်ခလစာတို့ကြောင့် မန်စီးတီးတို့ မက်ဆီကိုကမ်းလှမ်းမှုတွေ ဆက်မလုပ်တော့ဘူး”လို့ ပြောဆိုခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ