နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆွီဒင်ဘလွန်ဒီအောဆု (Guldbollen) (၁၂) ကြိမ်မြောက်ရရှိထားတဲ့ ဇလာတန်အီဗရာဟီမိုဗစ် ဒဏ်ရာရ

နိုဝင်ဘာ  ၂၈

အေစီမီလန်ရဲ့ အဓိကတိုက်စစ်မှူးကြီး မိုဗစ်ဟာ နာပိုလီနဲ့ပွဲမှာ အနိုင်ရရှိမှုနဲ့အတူ ဘယ်ခြေထောက် တံကောက်ကြောဒဏ်ရာပါရခဲ့တာကြောင့် အနားယူရမဲ့အခြေအနေဖြစ်ပေမယ့် ဘောလုံးကမ္ဘာကို အမြန်ဆုံး ပြန်လာမယ်လို့ မီဒီယာနဲ့တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။ မိုဗစ်ဟာ မကြာသေးမီကပဲ ဆွီဒင်ရဲ့ ဘလွန်းဒီအောဆုကို (၁၂)ကြိမ်မြောက်အဖြစ် လက်ခံရရှိထားသူဖြစ်ပါ တယ်။

အီဗရာမိုဗစ်က “ကျွန်တော် ဘောလုံးကန်ဖိနပ်ကို စွပ်လိုက်တဲ့အခါတိုင်း ကျွန်တော်တွေးမိတာက ဂိုးသွင်းဖို့က အမြဲတမ်းလုပ်ချင်နေတဲ့အရာပါပဲ။ ဘောလုံးက ကျွန်တော့်အတွက် အကောင်းဆုံးသူငယ်ချင်းပါ။ ဘောလုံးဆိုတာမရှိခဲ့ဘဲနဲ့ ကျွန်တော်ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘောလုံးမရှိရင် ကျွန်တော် လမ်းပျောက်နေသလို ခံစားရပါတယ်။ လက်ရှိဒဏ်ရာက ဘာမှမစိုးရိမ်ရပါဘူး။ ဒါက တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်လောက်ပါပဲ”လို့ ပြောဆိုခဲ့ပါတယ်။

မိုဗစ်ဟာ နာပိုလီနဲ့ပွဲမှာ လှပတဲ့ သွင်းဂိုး ၂ ဂိုးသွင်းယူခဲ့တာကြောင့် စီးရီးအေရဲ့ ဂိုးသွင်းဘုရင်စာရင်းမှာ ဦးဆောင်နေပါတယ်။ မိုဗစ်ဟာ စီးရီးအေ ၆ ပွဲပါဝင်ကစားပြီး ၁၀ ဂိုးသွင်းယူထားနိုင်ပါတယ်။ မနှစ်က ရာသီကုန်ခါနီး စီးရီးအေ ၂ ပွဲဆက်သွင်းဂိုးနဲ့ အခု ၆ ပွဲဆက်နဲ့ပေါင်းရင် ကစားသမားဘဝတစ်လျှောက်ပထမဆုံးအကြိမ် အဖြစ် လိဂ် ၈ ပွဲဆက်တိုက်ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းကို အသက် ၃၉ နှစ် အရောက်မှာ ရေးထိုးနိုင်ခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ