နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆေးရုံပြတင်းပေါက်အောက်မှာ အကော်ဒီယံတီးခတ်ခဲ့သူရဲ့ဇနီးသည် ကွယ်လွန်

နိုဝင်ဘာ ၂၈၊ ရောမ

အီတလီနိုင်ငံမှ အသက် ၈၁ နှစ်အရွယ် အဘိုးအိုက ယင်း၏ ဇနီးဖြစ်သူ ဆေးရုံတက်နေရချိန်တွင် ဆေးရုံပြတင်းပေါက်အောက်ဘက် လမ်းပေါ်၌ အကော်ဒီယံ တီးခတ်ဖျော်ဖြေခဲ့ရာ ကမ္ဘာတစ်ဝန်းရှိ လူသားများ၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့သည်။ သို့သော် ယခုအခါတွင် အဘိုးအို ဘော့ဇီနီ၏ဇနီး ဆက်ချီမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ ဆက်ချီမှာ မကြာသေးမီကမှ ဆေးရုံမှ ပြန်ဆင်းခွင့်ရခဲ့သူဖြစ်ပြီး နေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။

ဆက်ချီမှာ COVID-19 ရောဂါ ကူးစက်ခံရခြင်းမဟုတ်သော်လည်း ပီယာစင်ဇာမြို့ဆေးရုံ၏ စည်းမျဉ်းများအရ ခင်ပွန်းဖြစ်သူ ဘော့ဇီနီက ယင်းကို လူနာကြည့်ခွင့်မရှိပေ။ '' အဲဒီတေးသံကတစ်ဆင့် ကျွန်မတို့အားလုံး အချစ်ကို ခံစားနားလည်မိပါတယ်။ တေးသွားက ရိုးရှင်းပြီး တစ်ကမ္ဘာလုံးနားလည်တဲ့ ဘာသာစကားပါပဲ'' ဟု ပီယာစင်ဇာမြို့တော်ဝန် ဘာဘီရီက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဘော့ဇနီနှင့် ဆက်ချီတို့မှာ အိမ်ထောင်သက်တမ်း ၄၇ နှစ် ကြာမြင့်ခဲ့သည်။ ဆက်ချီ ဆေးရုံတက်နေရချိန်တွင် ပျော်ရွှင်စေရန်အတွက် ဘော့ဇီနီက ၅ မိနစ်ကြာ အကော်ဒီယံ တီးခတ်ခွင့်ပြုရန်  ဆေးရုံထံမှ ခွင့်တောင်းခဲ့သည်။ တီးခတ်မှု ပြီးဆုံးချိန်တွင် ဘာ့ဇီနီက ဆက်ချီကို အဝေးမှ အနမ်းချွေခဲ့ကြောင်း ရုပ်သံမှတ်တမ်းတွင် မြင်ရသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ