နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိပ်တန်းနျူကလီးယားသိပ္ပံပညာရှင် လုပ်ကြံခံရမှုအတွက် လက်တုံ့ပြန်သွားမည်ဟု အီရန် ကြုံးဝါး

နိုဝင်ဘာ ၂၈၊ တီဟီရန်

ပြီးခဲ့သည့်သောကြာနေ့က တီဟီရန်မြို့အနီးတွင် ထိပ်တန်းနျူကလီးယားသိပ္ပံပညာရှင် လုပ်ကြံ သတ်ဖြတ်ခံရသည့်ဖြစ်ရပ်အတွက် လက်စားချေသွားမည်ဟု အီရန်နိုင်ငံက ကြုံးဝါးခဲ့သည်။ ဖာရီဇာဒါမှာ ဒါမာဗန်ကောင်တီရှိ အက်ဆက်ဒ်မြို့တွင် တိုက်ခိုက်ခံရပြီးနောက် ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။ ဖာရီဇာဒါမှာ အီရန်၏ နျူကလီးယားလက်နက်ထုတ်လုပ်ရေး လျှို့ဝှက်စီမံကိန်း နောက်ကွယ်တွင် ပါဝင်နေသူဖြစ်ကြောင်း အနောက်နိုင်ငံများ၏ ထောက်လှမ်းရေးအေဂျင်စီများက ယုံကြည်ထားသည်။ သို့သော် ယင်းတို့၏ နျူကလီးယားစီမံကိန်းမှာ ငြိမ်းချမ်းသည့်အကြောင်းကိစ္စအတွက်သာဖြစ်သည်ဟု အီရန်နိုင်ငံက ဆိုသည်။

ဖာရီဇာဒါလုပ်ကြံခံရသည့်ဖြစ်ရပ်မှာ နိုင်ငံတစ်နိုင်ငံက ထောက်ပံ့ပေးထားသည့် အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် ရှုတ်ချရန် အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗတ်ဇာရစ်က နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းထားသည်။ အဆိုပါလုပ်ကြံမှုတွင် အစ္စရေးနိုင်ငံ ပါဝင်နေသည်ဟု ညွှန်ပြမှုများ တွေ့ရှိရကြောင်း ဂျာဗတ်ဇာရစ်က ဆိုသည်။ ၂၀၁၈ ခုနှစ် ဧပြီလတွင် အီရန်နိုင်ငံ၏ နျူကလီးယားစီမံကိန်းအကြောင်း ဆွေးနွေးရာ၌ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဖာရီဇာဒါ၏ အမည်ကို ထည့်သွင်းပြောကြားခဲ့ဖူးသည်။ ဖာရီဇာဒါ လုပ်ကြံခံရသည့်ဖြစ်ရပ်အတွက် အစ္စရေးနိုင်ငံက မှတ်ချက်ပေးခြင်းမရှိသေးပေ။  ဖာရီဇာဒါကို လုပ်ကြံခဲ့သူများအား မိုးကြိုးပစ်သကဲ့သို့ ပစ်ခတ်တိုက်ခိုက်သွားမည်ဟု အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီ၏ စစ်ဘက်ဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဟူစိန်ဒါဂန်က ပြောသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ