နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူကို ပြောင်းချင်လှတဲ့ ဆန်ချိုတစ်ယောက် ဒေါ့မွန်မှာ ပျော်နေပါပြီတဲ့

နိုဝင်ဘာ  ၂၇


ပြီးခဲ့တဲ့နွေရာသီက ဆန်ချိုတစ်ယောက်မန်ယူကို ပြောင်းရွှေ့ဖို့ဆန္ဒတွေပြင်းပြခဲ့ပါတယ်။ မန်ယူဘက် ကလည်း ချိတ်ဆက်မှု တွေပြုလုပ်ခဲ့ပါတယ်။ ဆန်ချိုတစ်ယောက် မန်ယူကိုပြောင်းချင်လွန်းလို့ ဒေါ့မွန်ကို ဖိအားပေးတောင်းဆိုမှုတွေလုပ်ခဲ့ပါတယ်။ ဒေါ့မွန်တို့ ဘိုင်ယန်အသင်းနဲ့ ကစားမယ့် ဗိုလ်လုပွဲကိုတောင် ရောဂါ တစ်ခုအကြောင်းပြချက်နဲ့ ရှောင်ရှားခဲ့ပါတယ်။ ယူနိုက်တက်ကလည်း ဆန်ချိုအတွက် ဒေါ့မွန်တို့ တောင်းဆိုတဲ့ပေါင် ၁၀၈ သန်းကို ပေါင် ၈၅ သန်း+ ၂၃ သန်းနဲ့ ထပ်တိုးဆုကြေးမပါဘဲ ကမ်းလှမ်းခဲ့ပေမယ့် သြဂုတ်လ ၁၀ ရက် နောက်ဆုံးရက်ကို ကျော်လွန်တယ်ဆိုတဲ့အချက်နဲ့ ဒေါ့မွန်က ပယ်ချခဲ့ပါတယ်။ ဂျေဒန်ဆန်ချိုလည်း မန်ယူကို ပြောင်းချင်တာကြောင့် ဂျာမနီမှာ စွမ်းဆောင်ရည်တွေကျဆင်းနေပြီလို့ ဝေဖန်မှုတွေခံခဲ့ရပါတယ်။ ဆန်ချိုဟာ ချန်ပီယံလိဂ်မှာ  ကလပ်ဘရုဂျ်နဲ့ပွဲကို ပါဝင်ကစားခဲ့ပြီး ဒေါ့မွန်တို့ ၃−၀  ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ ဆန်ချိုအထူးခြေစွမ်းပြပြီး တစ်ဂိုး သွင်းယူခဲ့ကာ အသင်းဖော်ဟာလန်းရဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ ဆန်ချိုက ဒီရာသီခက်ခဲတဲ့အခြေအနေ တချို့ရှိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

ဆန်ချိုက “ကျွန်တော် အခုလိုကစားနေရတာပျော်ရွှင်ပါတယ်။ ကျွန်တော်ကို ယုံကြည်ကြတဲ့ နည်းပြနဲ့ အသင်းဖော်တွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့အချိန်တုန်းကတော့ ကျွန်တော့်မှာ ခက်ခဲတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။ ခုကလပ်ဘရုဂျ်နဲ့ပွဲကအတိုင်း ကျွန်တော် ပြန်လာနိုင်ပါပြီ။ ကျွန်တော်ကစားပုံက အရင်လိုထိပ်တန်းအဆင့်ကို ပြန်ရောက်ဖို့ သူတို့တွေက မျှော်လင့်နေကြပါတယ်။ Golden Boy ဆုရ ဟာလန်းအတွက် ကွန်ကရက်ကျူလေးရှင်း ပြုလုပ်ခဲ့ပါတယ်။ ဒီဆုနဲ့ သူထိုက်တန်ပါတယ်”လို့ ပြောခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ