နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါကူးစက်မှုလျှော့ချရန် စာရွက်စာတမ်းမရှိသည့် ရွှေ့ပြောင်းနေထိုင်သူများကို မလေးရှားရဲတပ်ဖွဲ့ ဖမ်းဆီး

မေ ၃၊ ကွာလာလမ်ပူ

ပြီးခဲ့သည့်သောကြာနေ့က ကွာလာလမ်ပူမြို့မှ စာရွက်စာတမ်းမပါသည့် ရွှေ့ပြောင်းနေထိုင်သူ ရာပေါင်း များစွာ ကို ဖမ်းဆီးသည့် စစ်ဆင်ရေးမှာ COVID-19 ရောဂါ ကူးစက်မှု လျှော့ချရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။ ရွှေ့ပြောင်းနေထိုင်သူများက လှည့်လည်သွားလာပြီး ရောဂါဖြန့် သည့် အနေအထားများမဖြစ်စေရန် ယင်းတို့ကို ဖမ်းဆီးခဲ့ခြင်းဟု ရဲမှူးချုပ် ဟာမစ်ဘာဒါက ပြောသည်။ အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ထားသည့် တရားဥပဒေစိုးမိုးရေးအရာရှိအများအပြားက ဖမ်းဆီးမှုများ လုပ်ခဲ့ကြောင်း ဓာတ်ပုံများတွင် တွေ့ရသည်။

နိုင်ငံခြားသားများ နေထိုင်သည်ဟု လူသိများသည့် တည်နေရာတွင် စီးနင်းမှုလုပ်ခဲ့ခြင်းဖြစ်သည်။ ကလေးငယ်များနှင့် ရောဂါရလွယ်သူများကို  ရွှေ့ပြောင်းနေထိုင်သူ ထိန်းသိမ်းရေးစခန်းများမှ ပြန်လွှတ်ပေးရန် ကုလသမဂ္ဂက မလေးရှားအာဏာပိုင်များကို တိုက်တွန်းထားသည်။

ထိန်းသိမ်းရေးစခန်းများအတွင်း ရောဂါကူးစက်နိုင်သည့် အလားအလာရှိခြင်း၊ စာရွက်စာတမ်းမရှိသည့် ရွှေ့ပြောင်းနေထိုင်သူများက ပူးပေါင်းဆောင်ရွက်ဖွယ်မရှိတော့ခြင်း စသည့်အချက်များကြောင့် ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းခြင်းမှာ မလေးရှားနိုင်ငံ၏ ကပ်ရောဂါကို ဆိုးရွားစေနိုင်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ဖီးရောဘတ်ဆန်က တွစ်တာ ပေါ်တွင် ရေးသားခဲ့သည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့နှင့် အခြားအဖွဲ့အစည်းများ ဝေမျှခဲ့သည့် ဓာတ်ပုံများအရ လူအများ အပြားကို မြေပြင်ပေါ်တွင် နီးကပ်စွာ ထိုင်ခိုင်းထားပြီး သေနတ်ကိုင်ဆောင်ထားသည့် ရဲအရာရှိများက ဝိုင်းထား ကြောင်း တွေ့ရသည်။ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များအရ မလေးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၁၇၆ ဦးရှိပြီး လူ ၁၀၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။      

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ