နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ဥက္ကလာပမြို့နယ်၌ ဖျားနာကုဆေးခန်း Fever Clinic Center ကို မေ ၄ ရက်မှစတင်၍ ဖွင့်လှစ်မည်

ရန်ကုန်   မေ  ၃

တောင်ဥက္ကလာပမြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ လုပ်ငန်းစဉ်တစ်ခု ဖြစ်သောဖျားနာကုဆေးခန်း (Fever Clinic Center) ပြင်ဆင်ခြင်းလုပ်ငန်းများပြီးစီး၍ မြို့နယ်အတွင်းရှိ ပြည်သူများအား ဆေးကုသမှုများ အမြန်ဆုံးပေးနိုင်ရန်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်း‌ဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ လာရောက်ကြည့်ရှုစစ်ဆေးပြီး ဆရာဝန်၊ သူနာပြု၊ Volunteerအဖွဲ့များနှင့် လေ့ကျင့်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

အဆိုပါဖျားနာကုဆေးခန်း (Fever Clinic Center) ကို (၆) ရပ်ကွက်၊ ကေတုမတီလမ်းရှိ အ.ထ.က (၂) ကျောင်းတွင် မေ ၄ ရက်မှစတင်၍ ဖွင့်လှစ်မည်ဖြစ်ပြီး တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် နံနက် ၉ နာရီ မှ မွန်းတည့် ၁၂ နာရီအထိ အခမဲ့ဆေးကုသပေးသွားမည် ဖြစ်သည်။

ဖျားနာကုဆေးခန်း (Fever Clinic Center) တွင် Volunteer ဆရာဝန်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးနှင့်သူနာပြုများ၊ မျှဝေခံစားတွဲလက်များ ပရဟိတအသင်း၊ အေးချမ်းဖြူစင်မေတ္တာရှင်ပရဟိတ အသင်း၊ ကောင်းမှုဆောင် ပရဟိတအသင်း၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့များ၊ အလှူရှင် များနှင့် အ.ထ.က(၂)ကျောင်းသူ၊ ကျောင်းသားဟောင်းများမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ထို့ပြင် ဆေးခန်းပြသူများအနေဖြင့် ကုန်းဘောင်လမ်းနှင့် အင်းဝလမ်းများမှသာ ဝင်ရောက်ပေးရန်နှင့် အခြား လမ်းများမှ ဝင်ရောက်ခြင်းမပြုရန် အသိပေးထားကြောင်း သိရသည်။                                  

နေထက်အောင်






အခြားဆက်စပ်သတင်းများ