နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဏာလွှဲပြောင်းရေးလုပ်ငန်းတွေ စတင်ဖို့ သမ္မတဒေါ်နယ်ထရမ့် လက်ခံ

နိုဝင်ဘာ  ၂၄ ၊ ဝါရှင်တန်


သမ္မတရွေးကောက်ပွဲ အနိုင်ရခဲ့သည်ဆိုသည့် ဒီမိုကရက်တစ် ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်အတွက် အာဏာလွှဲပြောင်းရေးလုပ်ငန်း စတင်လုပ်ဆောင်ရန် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်က လက်ခံလိုက်သည်။ အာဏာလွှဲပြောင်းရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရသည့် ပြည်ထောင်စုအေဂျင်စီ General Services Administration (GSA) က လုပ်စရာရှိသည့်အလုပ်များ လုပ်ရမည်ဟု ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။


သို့သော် သူကတော့  ရွေးကောက်ပွဲရှုံးနိမ့်မှုကို ဆက်လက်ကန့်ကွက်သွားမည်ဟု ဆိုသည်။ ဂျိုးဘိုင်ဒင်ကို သမ္မတရွေးကောက်ပွဲ အနိုင်ရဖွယ်ရှိသူအဖြစ် အသိအမှတ်ပြုသည်ဟု GSA က ထုတ်ပြန်ခဲ့သည်။


မစ်ချီဂန်ပြည်နယ်တွင် ဂျိုးဘိုင်ဒင် အနိုင်ရရှိကြောင်း တရားဝင် အသိအမှတ်ပြုခဲ့ပြီးနောက် GSA က ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။ GSA ၏ ကြေညာချက်ထွက်ပေါ်လာခဲ့ပြီးနောက်မှာ ပြည်သူများ၏ မျှော်လင့်ချက်နှင့်အညီ၊ အမျိုးသားလုံခြုံရေးအတွက် သန္နိဋ္ဌာန်ချမှတ်ထားသည့်အတိုင်း ဂျိုးဘိုင်ဒင်၏အဖွဲ့ကို ပရော်ဖက်ရှင်နယ်ဆန်ဆန်၊ စနစ်တကျ၊ ထိထိရောက်ရောက် ကူညီပံ့ပိုးပေးသွားမည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ပြောသည်။ ဂျိုးဘိုင်ဒင်၏ အာဏာလွှဲပြောင်းရေးဝက်ဘ်ဆိုက်ကိုလည်း အမေရိကန်အစိုးရ ဒိုမိန်းထဲသို့ ပြောင်းလဲထည့်သွင်းခဲ့သည်။


ဂျိုးဘိုင်ဒင်၏အဖွဲ့မှာ ဇန်နဝါရီလ ၂၀ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရေးကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ် စတင်မှုကို ကြိုဆိုခဲ့သည်။ အစောပိုင်းတွင် ဂျိုးဘိုင်ဒင်က အိုဘားမားအစိုးရလက်ထက် ယင်း၏လုပ်ဖော်ကိုင်ဖက်ဟောင်းများ ပါဝင်သည့် နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားလုံခြုံရေးအဖွဲ့များ ဖွဲ့စည်းခဲ့သည်။


အန်သိုနီဘလင်ကန်ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်မည်ဖြစ်ပြီး ဂျွန်ကယ်ရီကို ရာသီဥတုသံတမန်အဖြစ် ခန့်အပ်မည်ဟု ဆိုသည်။ ဂျာနက်ယယ်လင်မှာ အမေရိကန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဘဏ္ဍာရေးဝန်ကြီး ဖြစ်လာမည်ဟု ထင်ကြေးပေးခံနေရသည်။ ရွေးကောက်ခံသမ္မတအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၃ သန်းတန် ရန်ပုံငွေ တည်ထောင်ထားသည်ဟု GSA အဖွဲ့၏ အုပ်ချုပ်ရေးမှူး အမ်မလီမာဖီက ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ