နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထန်းတပင်မြို့နယ်တွင် လက်ရှိဖွင့်လှစ်ထားသည့်နေရာ၌သာ စျေးရောင်းချနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ပေးနေ

ရန်ကုန်   မေ  ၂

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ မြို့မစျေးဧရိယာအကျယ်အဝန်းသည် ၄ ဧကကျော် ကျယ်ဝန်းပြီး မြေနေရာလုံလောက်မှုရှိသဖြင့် သီးသန့်ယာယီစျေးကို ဖွင့်လှစ်သွားမည်မဟုတ်ဘဲ လက်ရှိ ဖွင့်လှစ်ထားသည့် စျေးအတွင်း မြေကွက်လပ်အလွတ်၌သာ COVID-19 ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့်  စျေးသည်များကို သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ နံနက် ၆ နာရီမှ ညနေ ၅  နာရီအထိ စျေးရောင်းချနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ထန်းတပင်မြို့မဈေးတွင် စျေးဆိုင်ခန်းပေါင်း ၁၂၂ ခန်းရှိပြီး  သား/ငါး ကုန်စိမ်းစျေးသည်များကိုလည်း ယခင်ကတည်းက  ၆ ပေ၊ ၆ လက်မ ကျယ်ဝန်းသည့် ယာယီဆိုင်ခန်း ၂၉ ခန်းတို့တွင် စျေးရောင်းချနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးထားရှိသလို ဒေသထွက်ကုန်များအားမြို့မစျေးသို့တခါတရံမှ လာရောက်ရောင်းချသည့် စျေးသည် ၅၀ ကျော်တို့အတွက် စျေးဆိုင်ခန်းများဆောက်လုပ်ထားခြင်း မရှိသေးသည့်ဈေးအတွင်း မြေကွက်လပ် အလွတ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စျေးရောင်း၊ စျေးဝယ်များ လိုက်နာရမည့်ညွှန်ကြားချက်များနှင့်အညီ ရောင်းချနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် စျေးရောင်း၊ စျေးဝယ်သူများလိုက်နာရန် ကြော်ငြာများကိုလည်း ထန်းတပင်မြို့မစျေးအတွင်းတွင် စိုက်ထူပေးထားလျက်ရှိပြီး စနစ်တကျလက်ဆေးနိုင်ရန်အတွက် လက်ဆေး ဘေစင်များကို စျေးအဝင်အဝနှင့် စျေးအတွင်းတို့တွင် ထားရှိပေးထားပြီးဖြစ်ကာ စျေးအတွင်းတွင် ပိုးသတ် ဆေးဖျန်းပေးခြင်းလုပ်ငန်းကို ယခင်က တစ်ပတ်လျှင် နှစ်ကြိမ်နှုန်းဆောင်ရွက်နေသော်လည်း ဧပြီ ၂၁ ရက်မှစတင်၍ နေ့စဉ်ညပိုင်းတွင်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စျေးသည်များကို သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ သတ်မှတ်နေရာများတွင် စနစ်တကျ ရောင်းချနိုင်ရေးတို့အတွက်လည်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ခင်ခင်ဌေးနှင့် ဝန်ထမ်းများက နေ့စဉ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)






အခြားဆက်စပ်သတင်းများ