နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်ရောက် မြန်မာနိုင်ငံသား ၂၀ဝ ခန့်ကို ပြန်လည်ခေါ်ဆောင်

ရန်ကုန်   မေ  ၂

COVID-19 ရောဂါကူးစက်မှု တားဆီးကာကွယ်ရေးအစီအမံတွေကြောင့် အချိန်မီပြန်လည်ထွက်ခွာနိုင်   ခြင်းမရှိဘဲ အခက်အခဲများဖြင့် ရင်ဆိုင်နေရသော ဂျပန်ရောက် မြန်မာနိုင်ငံသား ၂၀ဝ ဦးခန့်ကို ပြန်လည်   ခေါ်ဆောင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ မြန်မာနိုင်ငံသား ၂၀ဝ ခန့်ကို All Nippon Airways(ANA)၏ Relief Flight ပျံသန်းအမှတ် NH 813 ဖြင့် တိုကျိုမြို့၊ နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မေ ၂ ရက်၊နံနက် ၈ နာရီ ၁၅ မိနစ်တွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ချောမွေ့စွာထွက်ခွာသွားခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ ပြန်လည်ခေါ်ဆောင်ခဲ့သည့် မြန်မာနိုင်ငံသားများတွင် သံဃာတော် ၂ ပါး၊ အစိုးရဝန်ထမ်း၊ ပညာတော်သင် ၁၄ ဦး၊ အလုပ်သင်သင်တန်းသား၊ သင်တန်းသူများ၊ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများ နှင့် မှီခိုသူမိသားစုဝင်များ စုစုပေါင်း ၁၉၅ ဦးပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။       

ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ