နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
5G Modem ပါ 7nm Chipset သစ် MediaTek မိတ်ဆက်

နိုဝင်ဘာ  ၂၂


Dimensity 700 သည် ဇူလိုင်လထဲက ကြေညာသွားသည့် Dimensity 720 နှင့် ဆင်တူသည့် 7nm chipset တစ်ခုဖြစ်ပြီး Dimensity 700 အနေဖြင့် Dimensity 720 Chipset ကို ဗားရှင်းအနည်းငယ်နှိမ့်ထားသည်။ Dimensity 700 processor သစ်ကလည်း တန်ဖိုးနည်း 5G ဖုန်းများကို ဦးတည်ထုတ်လိုက်ခြင်းဖြစ်သည်။ 

Features အတော်များများတွင်လည်း Dimensity 720 နှင့်ဆင်တူသည်များရှိပြီး Dimensity 700 တွင် ပါသည့် 5G modem သည် 5G cell များအကြား ချောမွေ့စွာလွှဲပြောင်းနိုင်ပြီး ဒေါင်းလော့ခ်မြန်နှုန်း 2.7Gpbs အထိ ချိတ်ဆက်နိုင်သည်။ အဆိုပါ modem သည် Dual SIM ၊ Dual Standby နှင့် Voice Over New Radio (VoNR) စနစ်များ ပါရှိသည်။

Dimensity 700 ၏ modem သည် Global 5G NR band support ပေးထားပြီး MediaTek ၏ 5G UltraSave ပါဝါအစားသက်သာသည့် နည်းပညာပံ့ပိုးထားသည်။ CPU သည် 2.2GHz Cortex-A76 cores နှစ်ခု၊ 2.0GHz Cortex-A55 cores ၆ ခုဖြင့် ဖွဲ့စည်းထားပြီး LPDDR4x RAM 12GB အထိ ချိတ်ဆက်နိုင်မည်ဖြစ်ပြီး data transfer speed 1GBbps အထိ ရှိမည့် UFS 2.2 နှစ်ကြောင်း သိုလှောင်မှုအထိလည်း ပံ့ပိုးထားသည်။

Video Recording တွင် 1080p ရုပ်ထွက်ဖြင့် ကန့်သတ်ထားပြီး 90Hz display ပံ့ပိုးနိုင်မည်ဖြစ်ပြီး ဓာတ်ပုံအတွက် 64MP အထိ ကင်မရာများ ပံ့ပိုးထားနိုင်ပြီး AI အဆင့်မြှင့်မှုနှင့် Multi-frame ရုပ်ထွက်ကောင်းရေးစနစ်များ အသုံးပြုထားသည်။ AI အနေဖြင့်လည်း chip ပေါ်တွင် Google ၊ Amazon ၊ Alibaba ၊ Baidu နှင့် Tencent အပါအဝင် Voice Assistant မျိုးစုံ support ပေးနိုင်မည်ဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ