နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စင်ကာပူ - ဟောင်ကောင် ခရီးသွားစင်္ကြံ စတင်မည့်အစီအစဉ်ကို ရက်သတ္တနှစ်ပတ် ဆိုင်းငံ့

နိုဝင်ဘာ ၂၂၊ စင်ကာပူ


ဟောင်ကောင်မြို့တွင် COVID-19 ရောဂါ ကူးစက်မှုများ မြင့်တက်လာခဲ့ပြီးနောက် စင်ကာပူနိုင်ငံနှင့် ဟောင်ကောင်မြို့ကြား ခရီးသွားစင်္ကြံ စတင်မည့်အချိန်ကို ရက်သတ္တနှစ်ပတ်ကြာ ဆိုင်းငံ့လိုက်သည်။ စင်ကာပူနှင့် ဟောင်ကောင်မြို့ကြား ကူးသန်းသွားလာမည့် ခရီးသည်များကို သီးသန့်ခွဲခြားနေထိုင်ရန် မလိုအပ်ဘဲ လေကြောင်းခရီး သွားလာခွင့်ပြုမည့် အဆိုပါအစီအစဉ်ကို နိုဝင်ဘာလ ၂၂ ရက်တွင် စတင်ဖော်ဆောင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ 

အဆိုပါအစီအစဉ်ကို ဆိုင်းငံ့လိုက်ခြင်းမှာ ဘဏ္ဍာရေးအချက်အချာများဖြစ်သည့် စင်ကာပူနိုင်ငံနှင့် ဟောင်ကောင်မြို့က ယိုင်လဲနေသည့် ယင်းတို့၏ ခရီးသွားကဏ္ဍများ ပြန်လည်ဦးမော့ရေး အားထုတ်မှုအပေါ် ထိုးနှက်ချက်တစ်ရပ်ဖြစ်သည်။ ပြီးခဲ့သည့်စနေနေ့က ဟောင်ကောင်မြို့တွင် COVID-19 လူနာသစ် ၄၃ ဦး တွေ့ရှိခဲ့ပြီး သုံးလနီးပါးအတွင်း တစ်ရက်တာ လူသေဆုံးမှုအများဆုံး ဖြစ်ခဲ့သည်။ 

လူနာသစ်များအနက် ၁၃ ဦးမှာ ကူးစက်မှုရာဇဝင်မသိရခြင်းကြောင့် ဒေသတွင်း ကူးစက်မှုကို ထိန်းချုပ်မရ ဖြစ်လာနိုင်သည်ဆိုသည့် စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်။ ခရီးသွားစင်္ကြံဖော်ဆောင်ရေး အစီအစဉ် ဆိုင်းငံ့လိုက်ခြင်းနှင့်ပတ်သက်၍ ဒီဇင်ဘာလအစောပိုင်းတွင် ပြန်လည်သုံးသပ်သွားမည်ဟု ဟောင်ကောင်မြို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး အက်ဒ်ဝပ်ယူက ပြောသည်။ ခရီးသွားစင်္ကြံဖော်ဆောင်ရေး သဘောတူညီချက်အရ ခရီးသည်များအနေဖြင့် ထွက်ခွာရာနှင့် ဆိုက်ရောက်ရာ ၂ နေရာလုံးတွင် COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှု ခံယူရမည်ဖြစ်ပြီး တစ်ရက်လျှင် အသွား၊ အပြန်ခရီးစဉ် တစ်ကြောင်းစီအတွက် လူ ၂၀၀ စီသာ ခွင့်ပြုမည်ဖြစ်သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ