နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သွေးကင်ဆာရောဂါကို အနိုင်ယူနိုင်ခဲ့သည့် ဒေါင်းဆင်ဒရုန်းမိန်းကလေးငယ် COVID-19 ကြောင့် ကွယ်လွန်

နိုဝင်ဘာ ၂၂၊ ဝါရှင်တန်


ဒေါင်းဆင်ဒရုန်း (Down syndrome)ဖြင့် မွေးဖွားလာခဲ့ပြီး သွေးကင်ဆာရောဂါကို အနိုင်ယူ ကျော်လွှားနိုင်ခဲ့သည့် အသက် ၁၅ နှစ်အရွယ် အမေရိကန်မိန်းကလေးငယ်မှာ COVID-19 ရောဂါကြောင့် ကွယ်လွန်သွားခဲ့သည်။ ကင်တပ်ကီပြည်နယ်တွင် နေထိုင်သည့် အလီဇာရို့စ်ဗိုက်မှာ ၂၀၁၉ ခုနှစ် ဇူလိုင်လက သွေးကင်ဆာရောဂါ ခံစားနေရကြောင်း တွေ့ရှိခဲ့ပြီး ၂ နှစ်ကြာ ကုသရမည့် အစီအစဉ်တွင် ရက် ၃၀ ကြာ ကုသခဲ့ပြီးနောက် ရောဂါပျောက်ကင်းသွားခဲ့ခြင်းဖြစ်သည်။ 

နှစ်လိုဖွယ်အပြုံးကြောင့် ဖော်ရွေသည့်လိပ်ပြာလေးဟု ချစ်စနိုးခေါ်ဝေါ်ခံရသည့် အလီဇာရို့စ်ဗိုက်မှာ ဟောလိုးဝင်းပွဲတော်ရှိသည့် ရက်သတ္တပတ်တွင် နာမကျန်းဖြစ်ခဲ့ပြီး COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ယင်း၏မိခင်နှင့် အဘိုး၊ အဘွားများတွင်လည်း COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည်။ အလီဇာရို့စ်ဗိုက်၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလာခြင်းကြောင့် ဆေးရုံတက်ရချိန်တွင် COVID-19 ရောဂါမှ ပြန်လည်သက်သာလာသည့် ယင်း၏အစ်မဖြစ်သူက အနီးကပ်ပြုစုခဲ့သော်လည်း ယင်း၏ကျန်းမာရေးအခြေအနေဆိုးရွားလာခဲ့ပြီး အသက်ရှူစက်တပ်ခဲ့ရသည်။ နိုဝင်ဘာလ ၁၄ ရက်တွင် ဆေးရုံမှဆင်းခွင့်ရသည့် ယင်း၏မိခင်မှာ အလီဇာရို့စ်ဗိုက်ထံ သွားရောက်၍ အနီးကပ်ပြုစုခဲ့သော်လည်း နိုဝင်ဘာလ ၁၅ ရက်နေ့က အလီဇာရို့စ်ဗိုက် ကွယ်လွန်သွားခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ