နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
US-ASEAN Business Council (Indonesia) မှကြီးမှူး၍ SME Webinar အား ဒီဇင်ဘာလတွင်ကျင်းပမည်

ရန်ကုန်  နိုဝင်ဘာ ၂၂


မြန်မာနိုင်ငံအသေးစားနှင့်အလတ်စား (SME)ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒီဂျစ်တယ်ငွေပေးချေ မှုစနစ် တိုးတက်လာစေရေးအတွက်ရည်ရွယ်သော SME Webinar Series in the Response to COVID-19: “The Benefits of Digital Payments for SMEs in Myanmar during COVID-19 နှင့်စပ်လျဉ်း၍ နိုဝင်ဘာ ၂၁ ရက်တွင် US-ASEAN Business Council နှင့် အသင်းချုပ်တာဝန်ရှိသူများ Vitural Meeting ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ Webinar ကို US-ASEAN Business Council (Indonesia)မှ ကြီးမှူး၍ ကျင်းပမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၉ ရက်တွင်ကျင်းပရန် စီစဉ်လျက်ရှိကြောင်းသိရပြီး မြန်မာနိုင်ငံရှိ SME ကဏ္ဍနှင့် လုပ်ငန်းရှင်များအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

USABC Regional Managing Director & Senior Vice President Ambassador Michael Michalak နှင့် US-ASEAN Business Council (Indonesia) မှ Ms. Nugraheni Widia Utami တို့မှ ကုန်သည် စက်မှုအသင်းချုပ် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအေးထွန်း၊ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေတို့နှင့် အဆိုပါ SME Webinar ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်၊ လမ်းမတော်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ