နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
“သူစိမ်းအိမ်”နှင့် “မီ” ဇာတ်ကားနှစ်ကား လွမ်ပရာဗန်ရုပ်ရှင်ပွဲတော်တွင် ပါဝင်ပြသရန် ရွေးချယ်ခံရ

ရန်ကုန်  နိုဝင်ဘာ  ၂၂


ဒါရိုက်တာ ဏကြီးနှင့် လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးတို့ ဖန်တီးထားသည့် “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားနှင့် “မီ” ရုပ်ရှင်ဇာတ်ကား နှစ်ကားကို လာအိုနိုင်ငံတွင် ကျင်းပသည့် Luang Prabang Film Festival တွင် ပါဝင်ပြသရန် ရွေးချယ်ခံရသည်။ အဆိုပါရုပ်ရှင်ပွဲတော်တွင် အရှေ့တောင်အာရှနိုင်ငံများက ရုပ်ရှင်ဇာတ်ကား ၂၄ ကားပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံက အထက်ပါ ဇာတ်ကားနှစ်ကား ပါဝင်ပြသခွင့် ရခဲ့သည်။ 

“ပျော်စရာ သတင်းကောင်းတစ်ခု ဝေမျှချင်ပါတယ်။ ကျွန်တော် ရိုက်ကူးတဲ့ "သူစိမ်းအိမ်" ရုပ်ရှင်ဇာတ်ကား နဲ့ ကိုဏကြီး ရိုက်ကူးတဲ့ "မီ" ရုပ်ရှင်ဇာတ်ကားတို့ဟာ လာအိုနိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင်အာရှ ရုပ်ရှင်ပွဲတော် လွမ်ပရာဗန် ရုပ်ရှင်ပွဲတော် Luang Prabang Film Festival မှာ ပါဝင်ပြသဖို့ ရွေးချယ်ခံရပါတယ်။ ရုပ်ရှင်ပွဲတော်မှာ အရှေ့တောင်အာရှနိုင်ငံများမှ ရုပ်ရှင်ဇာတ်ကား ၂၄ ကား ပါဝင်မှာဖြစ်ပါတယ်” ဟုဆိုပြီး “သူစိမ်းအိမ်” ဇာတ်ကားကို ပုံဖော်ရိုက်ကူးခဲ့သူ ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ဖေ့စ်ဘွတ်မှာ နိုဝင်ဘာ ၂၁ ရက်က သတင်းကောင်းပါးထားသည်။ 

Luang Prabang Film Festival ပွဲတော်သည် လာအိုနိုင်ငံတွင်  နှစ်စဉ်ဒီဇင်ဘာလတိုင်းတွင် တစ်ပတ်ကြာ ကျင်းပပြုလုပ်လေ့ရှိသည့် ရုပ်ရှင်ပွဲတစ်ခုလည်းဖြစ်သော်လည်း ယခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် Online Film Festival အနေဖြင့် ကျင်းပသွားမည်ဖြစ်ပြီး  ဒီဇင်ဘာ ၄ ရက် မှ ၁၀ ရက် အတွင်း ရွေးချယ်သွားမည့် ရုပ်ရှင်ပွဲတော်ဝင် ဇာတ်ကားများကို Online မှထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

ယခုနှစ်အတွင်း ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးထားသည့် “သူစိမ်းအိမ်” ဇာတ်ကားသည် Asian Academy Creative Awards ဆုပေးပွဲကြီးတွင် ဆန်ခါတင်စာရင်းအနေဖြင့် ဆုသုံးဆု ပါဝင်ထားခြင်းဖြစ်သည်။ ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည့်ဆုများက သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားအတွက် အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆု Best Fiction ၊ အကောင်းဆုံး ဒါရိုက်တာ Best Director ဆုနှင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ ဆု Best Actress in Supporting Role အဖြစ် မြန်မာနိုင်ငံက ပါဝင်ထားသည်။

ဒါရိုက်တာ ဏကြီး ပုံဖော်ထားသည့် “မီ”ဇာတ်ကားသည် ၂၀၁၉ခုနှစ်ကတည်းက တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ‘’ 2019 ASEAN Film Week" တွင် ပထမဆုံးအကြိမ် ပြသခဲ့ခြင်းဖြစ်သည်။ ထို့နောက် လန်ဒန်မြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် ASEAN International Film Festival 2019 ပွဲတွင်လည်း ဝင်ရောက်ပြသခဲ့ပြီး ဒါရိုက်တာ ဏကြီးက Best Director Of Photography ဆုကို ရရှိခဲ့သည်။ ထို့နောက်  United Kingdom တွင် ကျင်းပပြုလုပ်ခဲ့သည့် ရုပ်ရှင်ပွဲတော်နှင့် စပိန်နိုင်ငံတို့တွင် ကျင်းပပြုလုပ်သည့် ရုပ်ရှင်ပွဲတော်နှစ်ခုတွင် ဝင်ရောက်ပြသရန်အတွက် ရွေးချယ်ခံခဲ့ရသကဲ့သို့ Spain နိုင်ငံ၊ Lleida တွင် ကျင်းပသည့် Festival International de Cinema de Lleida Visual Art ရုပ်ရှင်ပွဲတော်နှစ်ခုတွင် Official Selection အဖြစ်လည်း ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။                    (WP)






အခြားဆက်စပ်သတင်းများ