နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ကာလအတွင်း လေလွင့်ခွေးများ ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာအချို့ ဆက်လက်ရပ်တည်ရန် အခက်အခဲရှိလာ

ရန်ကုန် နိုဝင်ဘာ ၂၂


ယခု ကိုဗစ်ကာလအတွင်း ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများရှိ လေလွင့်ခွေးများ ထိန်းသိမ်း စောင့်ရှောက်ရေး ဂေဟာအချို့အနေနှင့် ဆက်လက်ရပ်တည်ရန် အခက်အခဲများရှိလာကြောင်း သိရသည်။

လက်ခံစောင့်ရှောက်ရမည့် ခွေးအရေအတွက် ပိုမိုများပြားလာခြင်း၊ ခွေးဂေဟာမြေနေရာအတွက် ငှားရမ်းခများ ဆက်လက်ပေးချေရန် အခက်အခဲများရှိလာခြင်းနှင့် အခြားသော စရိတ်စကများ မြင့်တက် လာခြင်း စသည့်အခက်အခဲများကြောင့် လေလွင့်ခွေးများ ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာအချို့သည် ဆက်လက်ရပ်တည်ရန် အခက်အခဲများရှိလာကြောင်း သိရသည်။

အထူးသဖြင့် ရပ်ကွက်များ၊ လမ်းများတွင် အကြောင်းအမျိုးမျိုးကြောင့် မိခင်ခွေးမကြီး မရှိတော့သော လသားအရွယ် ခွေးပေါက်လေးများကို တိရစ္ဆာန်ချစ်သူများက ခွေးထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာများသို့ လာရောက်ပို့ဆောင်လေ့ရှိရာ ခွေးဂေဟာများတွင် စောင့်ရှောက်ရမည့် ခွေးအရေအတွက် ယခင်ကထက် ပိုမိုများပြားလာပြီး နေရာအခက်အခဲရှိလာသည်။

ထို့အပြင် အရွယ်ရောက်လာသော ခွေးကြီးများကိုလည်း သားကြောဖြတ်ကာ ထိန်းသိမ်းစောင့် ရှောက် ထားပြီး ယခုအခါ အချို့သော လေလွင့်ခွေးများ ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာများ အနေနှင့် ဆက်လက် ရပ်တည်နိုင်ရန် အလှူရှင်များ၏ အကူအညီ အထောက်အပံ့များ လိုအပ်လာကြောင်း သိရ သည်။

ယခုနောက်ပိုင်း လေလွင့်ခွေးများ တိုးပွားလာခြင်းကို ထိန်းချုပ်ဆောင်ရွက်ရာတွင် သုတ်သင်သော နည်းလမ်းများအစား သားကြောဖြတ်သည့် နည်းလမ်းများကို အသုံးပြုလာသည့်အပြင် မြို့ကြီးများတွင် ခွေးလေခွေးလွင့်များ ပေါက်ဖွားမှုနှုန်း လျော့ပါးသွားအောင် ထိန်းချုပ်နိုင်စေရန် ပြည်တွင်းပြည်ပ အဖွဲ့အစည်း များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ