နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကင်ညာနိုင်ငံတွင် မိန်းကလေးငယ်များ ပျောက်ဆုံးမှုကြောင့် အွန်လိုင်းဂိုဏ်းကို စုံစမ်းစစ်ဆေးနေ

နိုဝင်ဘာ ၂၂၊ နိုင်ရိုဘီ


COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် အိမ်တွင်းအောင်းနေရသည့် မိန်းကလေးများကို ပစ်မှတ်ထားပြီး လိင်ပါတီပွဲများသို့ လိမ်ညာခေါ်ဆောင်နေသည့် အွန်လိုင်းဂိုဏ်းတစ်ဂိုဏ်းကို ကင်ညာရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။ ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီမြို့တွင် ပျောက်ဆုံးသွားသည့် မိန်းကလေးသုံးဦးကို ရဲအရာရှိများက ကယ်တင်နိုင်ခဲ့ပြီးနောက် ယင်းဖြစ်ရပ်ကို ရိပ်မိခဲ့ခြင်းဖြစ်သည်။ နိုင်ရိုဘီမြို့မှ ပါတီပွဲများသို့ လာရောက်ရန် ဖိတ်ခေါ်သည့် လူမှုကွန်ရက်အကောင့်တစ်ခုကို တွေ့ရှိခဲ့ကြောင်း မိန်းကလေး ၃ ဦးက ရဲတပ်ဖွဲ့ကို ပြောသည်။ 

မိဘများအနေဖြင့် သားသမီးများ၏ လှုပ်ရှားမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်ကြရန် ရဲတပ်ဖွဲ့က သတိပေးထားသည်။ ပြီးခဲ့သည့်ရက်များတွင် ကင်ညာမီဒီယာများက မိန်းကလေးငယ်များ ပျောက်ဆုံးသွားသည့်ဖြစ်ရပ်ကို ဖော်ပြခဲ့သည်။ အချို့မိန်းကလေးငယ်များမှာ အလုပ်ရမည်ဆိုသည့် ကမ်းလှမ်းမှုရရှိပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ယခုရက်သတ္တပတ်အစောပိုင်းကလည်း ပျောက်ဆုံးသွားသည့် ညီမဝမ်းကွဲကို ရှာဖွေပေးကြရန် အမျိုးသမီးတစ်ဦးက တွစ်တာပေါ်တွင် မျက်ရည်စက်လက်ဖြင့် မေတ္တာရပ်ခံခဲ့သည်။ လူတစ်စုက မော်ဒယ်အလုပ်ရမည်ဟု ကမ်းလှမ်းခဲ့ပြီးနောက် ယင်း၏ညီမနှင့်အတူ အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၆ ဦး ပျောက်ဆုံးသွားခဲ့ခြင်းဟု ဆိုသည်။ 

အွန်လိုင်းပေါ်မှ ဂိုဏ်းမှာ နိုင်ရိုဘီမြို့မှ လှုပ်ရှားနေခြင်းဖြစ်ပြီး နိုင်ငံတကာတွင် မှတ်ပုံတင်ထားသည့် ဖုန်းနံပါတ်များကို အသုံးပြုနေကြသည်ဟု ကင်ညာနိုင်ငံ မှုခင်းစုံစမ်းရေး ညွှန်ကြားမှုဦးစီးဌာနက ပြောသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ