နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂွာတီမာလာတွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများက လွှတ်တော်အဆောက်အအုံကို မီးတင်ရှို့

နိုဝင်ဘာ ၂၂၊ ဂွာတီမာလာစီးတီး


ဂွာတီမာလာနိုင်ငံတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ ရာပေါင်းများစွာက ဖျက်ဆီးမှုများလုပ်ခဲ့ပြီး လွှတ်တော်အဆောက်အအုံ တစ်စိတ်တစ်ပိုင်းကို မီးတင်ရှို့ခဲ့ရာ အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့က လူစုခွဲခဲ့ရသည်။ ဂွာတီမာလာစီးတီးမြို့ရှိ လွှတ်တော်အဆောက်အအုံ မီးလောင်ကျွမ်းမှုမှာ ၁၀ မိနစ် ကြာမြင့်ခဲ့ပြီး မီးလောင်ချိန်တွင် အဆောက်အအုံအတွင်း မည်သူမျှ မရှိပေ။ 

မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်နိုင်ခဲ့သော်လည်း မီးလောင်ပျက်စီးမှု အတိုင်းအတာကို မသိရသေးပေ။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ညတွင် လွှတ်တော်က အတည်ပြုခဲ့သည့် ဘတ်ဂျက်ကို ဆန္ဒပြသူများက ဆန့်ကျင် ခဲ့ကြပြီး သမ္မတ ဂီအမ်မက်တီကို ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဘတ်ဂျက်ငွေမှာ အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် သုံးစွဲရန်ဖြစ်ပြီး အစိုးရနှင့်ဆက်နွှယ်မှုရှိသည့် ကုမ္ပဏီများက လုပ်ပိုင်ခွင့် ရရှိထားကြောင်း၊ COVID-19 ကပ်ရောဂါကြောင့် လူမှု၊ စီးပွားဘဝ ရိုက်ခတ်မှုများကို အစိုးရက မျက်ကွယ်ပြုထားကြောင်း အတိုက်အခံများက စွပ်စွဲခဲ့သည်။ ဂွာတီမာလာနိုင်ငံမှာ မကြာသေးမီကလည်း အီတာ(Eta) နှင့် အီအိုတာ (Iota)ဟု အမည်ရသည့် မုန်တိုင်းများ တိုက်ခတ်မှု ကြုံတွေ့ခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ