နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းဘဲတန်းမြို့နယ်ရှိ ရပ်ကွက်များတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားမိသားစုများ သတ်မှတ်ပုံစံ‌‌ထောက်ခံချက်များနှင့်အတူ လာရောက်လျှောက်ထား

ရန်ကုန်  နိုဝင်ဘာ ၂၂


ပန်းဘဲတန်းမြို့နယ်ရှိ ရပ်ကွက်များတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားမိသားစုများ သတ်မှတ်ပုံစံ ထောက်ခံချက်များနှင့်အတူ ရပ်ကွက်ရုံးများတွင် နိုဝင်ဘာ ၂၁ ရက်၊ မွန်းလွဲပိုင်းတွင်လာရောက် လျှောက်ထားကြောင်း သိရှိရသည်။

ပန်းဘဲတန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားမိသားစုစာရင်းများ ပိုမိုပြည့်စုံ မှန်ကန်မှုရှိစေရေးအတွက်  COVID-19 ကာလအတွင်း အမှန်တကယ်ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ  နိုင်ငံတော်အစိုးရမှ ထောက်ပံ့ကြေးငွေများ ထောက်ပံ့ချိန်တွင်ရရှိနိုင်ရေးအတွက် သတ်မှတ်ပုံစံထောက်ခံချက် များနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ လာရောက်လျှောက်ထားရန် ရပ်ကွက်များအတွင်းကြေညာခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ၊ ရပ်ဖများက လျှောက်ထား လာသူမိသားစုများ၏ သတ်မှတ်ပုံစံ‌‌ထောက်ချက်များကိုစိစစ်ပြီး မြို့နယ်စစ်ဆေးရေးအဖွဲ့သို့ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရပ်ကွက်များအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားမိသားစုဝင်များ သိရှိရမည့်အချက်များကို ပြည်သူများ ပွင့်လင်းမြင်သာစွာသိရှိစေရန် ရပ်ကွက်များအတွင်း လှည့်လည်ကြေညာခြင်း၊ သိရှိလိုသည့် အချက်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရမည့် ဖုန်းနံပါတ်များ ကြေညာထားသဖြင့် ပုံမှန်ဝင်ငွေမရှိသောအခြေခံမိသားစုများစာရင်းကို ပိုမိုပြည့်စုံမှန်ကန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

နေခြည်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ