နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ကဗျာပြိုင်ပွဲ ဆုရွေးချယ်ပွဲကျင်းပ

ရန်ကုန်  နိုဝင်ဘာ ၂၂


၂၀၂၀  ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်း အမှတ် ကဗျာပြိုင်ပွဲအား ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။

အဆိုပါကဗျာပြိုင်ပွဲကို ရန်ကုန်တက္ကသိုလ်ကြီး၏ သမိုင်းအစဉ်အလာကြီးမားခဲ့မှုများ၊ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ်ကြီးအဖြစ်တည်ရှိခဲ့မှုများနှင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များနှင့်အညီ ပညာသင်ကြားနိုင်သည့်အခွင့်အလမ်းများ ဖော်ဆောင်ပေးနေမှုများ၊ နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသော တက္ကသိုလ်ကြီးတစ်ခု ပေါ်ပေါက်လာစေရန်နှင့် လူ့အဖွဲ့အစည်းနှင့် ကမ္ဘာကြီးကိုအကျိုးပြုနိုင်သော စွမ်းဆောင်ရည်ပြည့်ဝသည့် နိုင်ငံတကာအဆင့်မီတက္ကသိုလ်ကြီးတစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာရန် ကြိုးပမ်း ဆောင်ရွက်နေမှုများ စသည်တို့ကို ဖော်ညွှန်းရေးသား ပါဝင်ယှဉ်ပြိုင်ကြရန် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၉ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ ဖိတ်ခေါ်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သူဦးရေ ၁၁၈ ဦးက ပြိုင်ပွဲဝင်ကဗျာအပုဒ်ပေါင်း ၁၂၈ ပုဒ်ကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲဝင်ကဗျာများကို စိစစ်အကဲဖြတ်ရွေးချယ်ခြင်းအား နိုဝင်ဘာ ၂၁ ရက်၊ နေ့လယ် ၁ နာရီတွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ကဗျာပညာရှင်များက ပြိုင်ပွဲဝင်စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ  အကဲဖြတ်စိစစ်ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု ၅ ဆုတို့ကို ရွေးချယ်ခဲ့ကြကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ