နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဧရာဝတီတံတား(ပခုက္ကူ) ရေလမ်းပြောင်းလဲမည်

နေပြည်တော်  နိုဝင်ဘာ ၂၂


ဧရာဝတီတံတား(ပခုက္ကူ)ရေလမ်းတွင် ရေယာဉ်များဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်၊ အဆန်လမ်းအဖြစ် ရေလယ်တိုင်အမှတ်(၁၃)နှင့်(၁၄)အကြားမှ သတ်မှတ်ဖွင့်လှစ်ထားခဲ့ကြောင်း သိရသည်။ ယခုအခါ ရေလမ်းကြောင်းအခြေအနေအရ ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို    ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၅ ရက်မှစ၍ အစုန်၊ အဆန်လမ်းအဖြစ်  ရေလယ်တိုင်အမှတ်(၉)နှင့် (၁၀)အကြားမှ ပြောင်းလဲဖွင့်လှစ်မည်ဖြစ်သည်။

ပြောင်းလဲမည့်ရေလမ်းကြောင်း၏ ကင်းလွတ်အကျယ်မှာ ၂၆၂ ပေရှိပြီး ကင်းလွတ်အမြင့်မှာ အမြင့်ဆုံးရေမျက်နှာပြင်အထက်  ၅၂ ပေရှိသည်။ ရေယာဉ်များဖြတ်သန်းရမည့် ဝင်ပေါက်တွင်  နေ့အခါ  အစိမ်းရောင် တြိဂံအမှတ်အသား ပြသ၍၊ ညအခါ မီးစိမ်းထွန်းပြသထားမည်။ မဝင်ရမည့် ရေလမ်းတွင် နေ့အခါ အနီရောင်ကြက်ခြေခတ်အမှတ်အသားပြသ၍ ညအခါ မီးနီထွန်းပြသထားမည်။

တံတားရေလယ်တိုင်များ၏ အောက်ခြေပိုင်တိုင် အုတ်ခုံမှာရေလယ်တိုင်များ၏  တစ်ဖက်တစ်ချက်တွင် ၁၅ ပေခန့် အစွန်းထွက်နေသဖြင့် ရေယာဉ်များ ရေလယ်တိုင်နှစ်ခုအကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုကြရန်နှင့် တွဲတွန်းရေယာဉ်များတစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်အပြင်အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သောအကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်း ခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့်   မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေး နှိုးဆော်ချက်ထုတ်ပြန်ထားကြောင်း သိရသည်။

ခရီးသွားလုလင်






အခြားဆက်စပ်သတင်းများ