နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချီလီနိုင်ငံတွင် COVID-19 ကူးစက်ခံရသည့် ပထမဆုံး အကျဉ်းသားတစ်ဦး တွေ့ရှိ

ချီလီနိုင်ငံမြို့တော် ဆန်တီယာဂိုမြို့ရှိ ပူအန်တီအယ်တိုအကျဉ်းထောင်မှ အကျဉ်းသားတစ်ဦးမှာ COVID-19 ရောဂါပိုး ကူးစက်ခံရသည့် ပထမဆုံးအကျဉ်းသားဖြစ်လာခဲ့သည်။ ရောဂါလက္ခဏာများ တွေ့ရှိခဲ့ပြီးနောက် အဆိုပါအကျဉ်းသားကို သီးသန့်ခွဲခြားထားရှိပြီး ကုသပေးခဲ့ကြောင်း ပြီးခဲ့သည့်တနင်္ဂနွေနေ့နှောင်းပိုင်းက အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ COVID-19 ရောဂါပိုးရှိသူ အကျဉ်းသားနှင့် ထိတွေ့မိသည့် အခြားအကျဉ်းသားရှစ်ဦးကိုလည်း အခြားအကျဉ်းသားများနှင့် သီးသန့် ခွဲခြားထားသည်။ COVID-19 ရောဂါပိုးရှိသူ အကျဉ်းသားကို ထိန်းသိမ်းခဲ့သည့်အဆောင်ကို ပိုးသတ်ဆေးဖျန်းနေစဉ် အကျဉ်းသားများက အမိန့်ဖီဆန်ခဲ့ကြပြီး သံတိုင်များကို ရိုက်ချိုးခဲ့ကြောင်း ချီလီနိုင်ငံ အကျဉ်းဦးစီးဌာနက ထုတ်ပြန်ကြေညာခဲ့ကြသည်။ အကျဉ်းထောင်အုံကြွမှုတွင် မီးသတ်သမားများက ကြားဝင်ဟန့်တားခဲ့ကြပြီး လက်ရှိအချိန်တွင် အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်သည်။ အဆိုပါဖြစ်ရပ်တွင် အကျဉ်းသားနှစ်ဦးကို ဆန်တီယာဂိုမြို့တောင်ပိုင်း ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသပေးခဲ့သည်။ ထောင်သို့ လူဝင်ရောက်မှု ပမာဏကို လျှော့ချရန်အတွက် ဧည့်တွေ့မှုကန့်သတ်မည့် အစီအစဉ်ကို ချီလီနိုင်ငံ အာဏာပိုင်များက အတည်ပြုခဲ့သည်။ ချီလီနိုင်ငံတွင် COVID-19 အတည်ပြုလူနာ အနည်းဆုံး ၂၁၃၉ ယောက်ရှိနေသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ