နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်တော်မြို့နယ်၌ ရာသီပေါ်သီးနှံစိုက်ခင်းများသို့ ကွင်းဆင်းသွားရောက်ကြည့်ရှုစစ်ဆေး

ကျောက်တော်  နိုဝင်ဘာ  ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျောက်တော်မြို့နယ်၊ ပေါက်တော (မြောက်) ကျေးရွာ၌ စိုက်ပျိုးထားရှိသော ရာသီပေါ်သီးနှံမျိုးစုံ စိုက်ခင်းအား နိုဝင်ဘာ ၂၀ ရက်၊ နံနက် ၉ နာရီအချိန်က ကွင်းဆင်းသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ကျော်တော်မြို့နယ် ကျေးလက်ဦးစီးမှူး ဦးအောင်ခိုင်ဇော်၏ ပြောပြချက်အရ သိရသည်။

ထိုသို့ ရာသီပေါ်သီးနှံစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် ဝန်ထမ်း များက ကျောက်တော်မြို့နယ်၊ ပေါက်တော (မြောက်) ကျေးရွာရှိ ကျေးရွာမြစိမ်းရောင်ကော်မတီဝင်များနှင့် တွေ့ဆုံကာ ကျေးရွာအတွင်း ကျေးရွာမြစိမ်းရောင်စီမံကိန်းဖြင့် စိုက်ပျိုးထားရှိသော (ခရမ်း၊ ပဲတောင့်ရှည်၊ ကြံ၊ ကြက်ဟင်းခါးသီး၊ ပြောင်း၊ သခွား၊ ပိန်းဥ) စိုက်ခင်းများ၏ အောင်မြင်ဖြစ်ထွန်းနေမှုတို့အား ကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းများအောင်မြင် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအပေါ် မြို့နယ်ကျေးလက် ဦးစီးမှူး ဦးအောင်ခိုင်ဇော်မှ ကျေးရွာသူ၊ ကျေးရွာသားများအပေါ် ချီးကျူးအားပေးစကားပြောကြားကာ မြစိမ်းရောင်စီမံကိန်း ရေရှည်အောင်မြင်စွာ အကောင်အထည်ဖော် ဆက်လက်လည်ပတ်နိုင်ရန် ကြိုးစား အားထုတ်ဆောင်ရွက်ကြရန် အကြံပြုဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

ဦးအောင်လှဖြူ - ရမ်းဗြဲ






အခြားဆက်စပ်သတင်းများ