နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေနံချောင်းမြို့နယ်၌ အာဆီယံသပြေစိုက်ခြင်းဖြင့် ဝင်ငွေရနေ

ရေနံချောင်း၊  နိုဝင်ဘာ  ၂၁

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် ကိုင်းမြေများတွင် အာဆီယံသပြေစိုက်ပြီး ရောင်းချခြင်း ဖြင့် ဝင်ငွေရလျက်ရှိကြောင်း စိုက်ပျိုးလုပ်ကိုင်သည့်တောင်သူများထံမှ သိရသည်။
''ကျွန်တော်ကတော့ အာဆီယံသပြေကို မြေအောက်ကအဝီစိရေနှင့် ရေတင်စက်နှင့် တင်ပြီးစိုက်တယ်။ အခြား ပန်းတွေနှင့် မတူဘူး။အာဆီယံသပြေကတော့ တစ်နှစ်လုံး ခူးယူရရှိနိုင်တယ်။ မိသားစုအတွက်တော့ ဝင်ငွေရတယ်''ဟုရေနံချောင်းမြို့နယ်မှ အာဆီယံသပြေစိုက်သူ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ အာဆီယံသပြေ တစ်စည်းလျှင် ကျပ် ၂၀၀ ကနေ ကျပ် ၄၀၀ အထိ အပင်အနေအထားပေါ် မူတည် ပြီး ရောင်းချကြကာ ပန်းပေါချိန်မိုးရာသီတွင် ကျပ် ၁၅၀ ကနေကျပ် ၂၅၀ ဝန်းကျင်သာ ရရှိသော်လည်း အညွှန့်ပိုထွက်သောကြောင့် တွက်ချေကိုက်ကြောင်း သိရသည်။ ရေနံချောင်းမြို့နယ်ရှိ ကိုင်းမြေများ၌ မြေအောက်ရေဖြင့် ပန်းအမျိုးမျိုး ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြသည်ကို တွေ့ရသည်။ ရေနံချောင်းမြို့နယ်ထွက်ပန်းကို ရေနံချောင်းမြို့နယ်အပြင် ချောက်မြို့နယ်အထိ တင်ပို့ရောင်းချရကြောင်း သိရသည်။

ဆန်းညွန့်  ရေနံချောင်း






အခြားဆက်စပ်သတင်းများ