နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတကာအဆင့်မီ Bio Safety Level(2+) အဆင့် ဓာတ်ခွဲခန်းအဆောက်အအုံသစ်ဖွင့်လှစ်၊ လွှဲပြောင်းပေးအပ်

မန္တလေး နိုဝင်ဘာ ၂၁

နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်း အဆောက်အအုံသစ်ကို မန္တလေးမြို့မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ ၆၅ လမ်းနှင့် ၆၆လမ်းကြားရှိပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနရုံးဝင်းအတွင်းတွင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု မန္တလေးမြို့ပြဖွံ့ဖြိုးရေး ရန်ပုံငွေရှာဖွေရေးကော်မတီက မတည် လှူဒါန်းငွေဖြင့် ဇွန်လနောက်ဆုံးပတ်မှ စတင်တည်ဆောက်ခဲ့ရာ နိုဝင်ဘာပထမပတ်တွင် ရာခိုင်နှုန်းပြည့် ပြီးစီးပြီး နိုဝင်ဘာ ၂၀ ရက် နံနက် ၉ နာရီက မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမေဝင့်ဝါတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေရှာဖွေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းတို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ ကဗ္ပည်းမော်ကွန်းကို အမွေးနံ့သာများပက်ဖျန်းပေးသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေး အတွက် နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းအဆောက်အအုံ ဆောက် လုပ်ပေးမှုအတွက် ကျေးဇူးတင်စကားပြောကြားကာ ဓာတ်ခွဲခန်းအဆောက်အအုံကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်သည်။

မန္တလေးမြို့ပြဖွံ့ဖြိုးရေး ရန်ပုံငွေရှာဖွေရေးကော်မတီက လှူဒါန်းသော BioSafety Level(+2) အဆင့်ရှိ အာစီ(၂)ထပ်ခွဲအဆောက်အဦ အမျိုးအစားဖြစ်ပြီး Covid-19 ရောဂါအပြင် အခြားသောရောဂါများပါ စစ်ဆေးပေးနိုင်သော ဓာတ်ခွဲစစ်ဆေးစက် ၃ လုံးထားရှိသည်။ အဆောက်အအုံသည်အလျား ၆၉ ပေ၊ အနံ ၅၈ ပေ စုစုပေါင်းကြမ်းခင်းဧရိယာ ၁၀၆၃၁ စတုရန်းပေခန့် နှစ်ထပ်ခွဲတည်ဆောက်မည်ဖြစ်ပြီး အထက် မြန်မာနိုင်ငံအတွက် အားထားရမည့်နိုင်ငံတကာအဆင့်မီ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းကြီးဖြစ်သည်။  
                                              
မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ