နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆင်းရဲနွမ်းပါးမှုနှင့် ပညာရည်နိမ့်ကျမှုများက မှုခင်းဖြစ်ပေါ်စေနိုင်သော အဓိကအကြောင်းရင်း များ ဖြစ်လာ

ရန်ကုန် နိုဝင်ဘာ ၂၁

ပြည်တွင်းရှိ ဆင်းရဲနွမ်းပါးပြီး စားဝတ်နေရေး အခက်အခဲများကို ခံစားနေရသော မိသားစုများက မွေးဖွားလာသော ကလေးငယ်အများစုသည် ပညာရေးပိုင်းတွင်လည်း နိမ့်ကျလေ့ရှိသဖြင့် ကြီးပြင်းလာသော အခါ ဘဝအာမခံချက်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးခြင်းကြောင့် လမ်းလွဲများ လိုက်မိရာမှ မှုခင်းများဖြစ်ပေါ်လာရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ စီးပွားရေးပိုင်းနှင့် ပညာရေးပိုင်းတွင် အခြေခံအားနည်းမှုများသည် မှုခင်းများ ဖြစ်ပေါ်စေနိုင်သော အဓိကအကြောင်းရင်းများဖြစ်သလို အချို့မှာ ဒုစရိုက်နယ်ပယ်တွင် သံသရာလည်ရင်း ပိုမိုအတင့်ရဲလာကာ အကြမ်းဖက်သည့်အဆင့်အထိ ရောက်ရှိလာကြကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကလည်း ပြစ်မှုကျူးလွန် သူများကို အရှိန်အဟုန်မြှင့်၍ လိုက်လံဖမ်းဆီးကာ ပြစ်ဒဏ်များချမှတ်ပြီး အရေးယူဆောင်ရွက် လျက်ရှိကြောင်း ယင်းကပြောသည်။

ပြစ်မှုကျူးလွန်သူများသည် ထောင်ကထွက်လာသောအခါ ယင်းတို့မိသားစုများ၏ စားဝတ်နေရေး အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေလုပ်ကိုင်ရာတွင် အဆင်ပြေမှုမရှိသဖြင့် ဒုစရိုက်နယ်ပယ်သို့ ပြန်လည်ရောက်ရှိသူများလည်း အများအပြား ရှိကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေနှင့် မှုခင်းကျဆင်း ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မှုခင်းဖြစ်စဉ်များနှင့် ပတ်သက်သော အကြောင်းရင်းများကိုကြည့်ပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရကြောင်း သိရသည်။

ယခုအခါ ပြည်တွင်း၌ မှုခင်းဖြစ်စဉ်များနှင့် အကြမ်းဖက်မှုများ လျော့ကျလာစေရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်အတူ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ NGO/INGO အဖွဲ့များ၊ မီဒီယာများ၊ ရပ်မိရပ်ဖများ၊ လုပ်သားပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး မှုခင်းကျဆင်းရေး သာမက ပဋိပက္ခများလျော့ကျလာစေရေး အတွက်လည်း ပူးပေါင်းအဖြေရှာ ဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။   

(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ