နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းကြီးများတွင် Cyber Security တပ်ဆင်ထားရှိမှု နည်းပါးနေဆဲ

ရန်ကုန် နိုဝင်ဘာ ၂၁

ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းကြီးများတွင် နည်းပညာများနှင့် သတင်းအချက်အလက်များ ပေါက်ကြားမှု မရှိစေရန် Cyber Security များ တပ်ဆင်ထားရှိမှု နည်းပါးနေသေးကြောင်း အိုင်တီနည်းပညာရှင်များက ပြောသည်။

ယခုအခါ ပြည်တွင်းရှိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများသည် အင်တာနက်မှ တစ်ဆင့် လုပ်ငန်းချိတ်ဆက်ဆောင်ရွက်မှုများ တိုးမြင့်လာသော်လည်း လုပ်ငန်းစဉ်များနှင့် နည်းပညာအချက် အလက်များကို လုံခြုံစိတ်ချမှုရှိစေရန် Cyber Security များ တပ်ဆင်ထားရှိမှု နည်းပါးနေသေးကြောင်း သိရသည်။

အိုင်တီနည်းပညာ တိုးတက်ထွန်းကားလာသော ယနေ့ခေတ်တွင် စက်ရုံလုပ်ငန်းများ၊ ထုတ်လုပ် လုပ်ငန်းကြီးများနှင့် စီးပွားရေးလုပ်ငန်းကြီးများတွင် အသုံးပြုနေသော Network System များ လုံခြုံမှု ရှိစေရန်၊ လုပ်ငန်းများကို ပျက်စီးစေနိုင်သော Hacker များ၏ တိုက်ခိုက်မှုများမှ ကာကွယ်နိုင်စေရန်နှင့် အရေးကြီးသော နည်းပညာများနှင့် သတင်းအချက်အလက်များကို လုံခြုံစိတ်ချစွာ ထိန်းသိမ်းနိုင်စေရန် ဆိုက်ဘာလုံခြုံရေးသည် အရေးပါသော ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်လာကြောင်း နည်းပညာလုပ်ငန်းရှင် များက သုံးသပ်ကြသည်။

နိုင်ငံတကာတွင် Cyber Security နည်းပညာများကို သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ အလိုအလျောက် ဓာတ်အားခွဲရုံများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့စက်ရုံများနှင့် အချိန်ကိုက် လုပ်ဆောင်ရသော အခြား လုပ်ငန်းများရှိ ကွန်ရက်စနစ်များတွင် အသုံးပြုကြသည်။ ယခုလက်ရှိ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း များ၌သာ Cyber Security များ တပ်ဆင်ဆောင်ရွက်ထားပြီး စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများတွင် စီစဉ်ထားရှိမှု နည်းပါးနေသေးကြောင်းနှင့် ထိုသို့ Cyber Security များ မတပ်ဆင်ထားခြင်းကြောင့် လုပ်ငန်းများအတွက် အရေးကြီးသော အချက်အလက်များကို မသမာသူများက အင်တာနက်မှတစ်ဆင့် ခိုးယူမှုများ ပြုလုပ်လာနိုင်ကြောင်း သိရသည်။

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ