နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
(၅) ခွေမြောက် တစ်ကိုယ်တော်အခွေ ထွက်ရှိရန် ပြင်ဆင်နေသည့် မိစန္ဒီ

ရန်ကုန်  နိုဝင်ဘာ  ၂၁

မိစန္ဒီက ကိုဗစ်ကာကွယ်ရေးသီချင်းလေးများ သီဆိုကာ အနုပညာလှုပ်ရှားမှုများ အဆက်မပြတ် လုပ်ဆောင်လျက်ရှိကာ တစ်ကိုယ်တော်အခွေအသစ်အတွက် သီချင်းများကိုလည်း ကြိုတင်ပြင်ဆင်လျက် ရှိသည်။

"ရင်ခုန်ပြီး ပျော်နေပုံ မိစန္ဒီရဲ့ ၄ ခွေမြောက် album “သတ္တိခဲ” တုန်းက သီချင်းတိုင်း စကားလုံးတိုင်းကို တစ်ခွေလုံး တစ်ယောက်တည်း ရေးခဲ့သလို အခုလုပ်နေတဲ့ နောက် album အသစ်လေးကိုလည်း တစ်ယောက်တည်း ရေးနိုင်အောင် ကြိုးစားနေပါတယ်။ အဲ့ဒီအကြောင်း စဉ်းစားရင်း ရင်ခုန်ရင်းပျော်၊ အခုလောလောဆယ်တော့ ပြည်သူ့အကျိုးပြု သီချင်းလေးတွေ လုပ်ပေးဖြစ်နေပါတယ်၊ ထပ်လာဦးမယ်။ နောက်မှ အသည်းကွဲမယ်၊ အေးဆေးပေါ့နော်၊ အသည်းကွဲသီချင်းတွေ အတင်းထွက်ခိုင်းနေကြလို့ သမီးက အသည်းမကွဲချင်ပါဘူးဆိုမှ ဇွတ် လူဇိုးတွေ"ဟုဆိုပြီး နိုဝင်ဘာ ၂၀ ရက် ည ၁၀ နာရီကျော်က ယင်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။

၂၀၂၀ ပြည့်နှစ် မတ်အတွင်းကလည်း အဆိုတော်မိစန္ဒီနှင့် ဖြိုးပြည့်စုံတို့ သီဆိုထားသည့် "ကမ္ဘာ့ အပြင်သွားပါ ကိုရိုနာ (Go A Way Corona)" အမည်ရှိ ကျန်းမာရေးနှင့်ပတ်သက်သည့် သီချင်းလေးကလည်း ပရိသတ်များကြိုက်နှစ်သက်မှုကို ရရှိခဲ့သည့် သီချင်းတစ်ပုဒ်ဖြစ်သည်။ နိုဝင်ဘာလ ၂၀ ရက်ကလည်း "ဆေးတွေနဲ့ ကမ္ဘာ"သည် ကျန်းမာရေးအကျိုးပြု သီချင်းလေးတစ်ပုဒ်ထပ်မံထွက်ရှိခဲ့ပြီး အဆိုပါသီချင်းကိုလည်း မိစန္ဒီက ဖြိုးပြည့်စုံနှင့်အတူ သီဆိုထားသည်။

အဆိုတော် မိစန္ဒီက ဂီတဘက်တွင်လည်း ကြိုးစားနေသကဲ့သို့ စီးပွားရေးဘက်တွင်လည်း MY Boo အမှတ်တံဆိပ်ဖြင့် လူငယ်စတိုင် အဝတ်အထည်များကို အကန့်အသတ်များဖြင့် ရောင်းချလျက်ရှိပြီး စားသောက်ဆိုင်တစ်ခုကိုလည်း ကိုယ်တိုင်ဦးစီးဆောင်ရွက်နေသူဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ