နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Bullet Train ရုပ်ရှင်ဇာတ်ကား၌ လေဒီဂါဂါ ပါဝင်သရုပ်ဆောင်ဖွယ်ရှိ

နိုဝင်ဘာ  ၂၁

ဆိုနီရုပ်ရှင်ကုမ္ပဏီ၏ Bullet Train ရုပ်ရှင်ဇာတ်ကားတွင် ကမ္ဘာကျော်အမေရိကန်အမျိုးသမီး ပေါ့ပ်အဆိုတော် လေဒီဂါဂါ ပါဝင်သရုပ်ဆောင်ဖွယ်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် လေဒီဂါဂါသည် Bullet Train ဇာတ်ကား၌ ပါဝင်ရေးအတွက် ဆိုနီရုပ်ရှင်ကုမ္ပဏီနှင့်ဆွေးနွေးနေခြင်းဖြစ်သည်။

အဆိုပါဇာတ်ကား၌ ပါဝင်သရုပ်ဆောင်ရေးအတွက် အပြီးသတ် သဘောတူညီချက်လက်မှတ် ရေးထိုးခြင်းမရှိသေးသော်လည်း လေဒီဂါဂါအနေဖြင့် မင်းသား ဘရက်ပစ်၊ မိုက်ကယ်ရှန်နွန်နှင့် အတူ တွဲဖက်သရုပ်ဆောင်ရန် စိတ်ဝင်စားနေကြောင်း သိရသည်။

ဂီတနယ်ပယ်၌ ဂရမ်မီဆုများရရှိထားသော လေဒီဂါဂါသည် A Star Is Born ဇာတ်ကားအတွက် အကောင်းဆုံးဇာတ်ဝင်တေး အော်စကာဆုရရှိခဲ့ပြီး အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် အော်စကာဆု ဆန်ခါတင်စာရင်းတွင်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ