နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Project K အဖွဲ့ က ၂၀၂၁ ခုနှစ်တွင် ပထမဆုံး သီးသန့်ဖျော်ဖြေပွဲ ပြုလုပ်မည်

ရန်ကုန်  နိုဝင်ဘာ  ၂၁

Project K အဖွဲ့က ၂၀၂၁ ခုနှစ်တွင် ပြုလုပ်သွားမည့် အနုပညာလှုပ်ရှားမှုများအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်သည်။
“အခုချိန်မှာ ကျွန်တော်တို့ Project K ရဲ့ Plan ကတော့ ကိုရီးယားမှာ ကျွန်တော်တို့ သင်ယူခဲ့ရတဲ့ ဟာတွေကို ပြန်ပြီးတော့ Sharing လုပ်တဲ့ Program လေးအတွက် စီစဉ်နေကြတယ်။ ပြီးတော့ ၂၀၂၁ ခုနှစ်ထဲမှာ Project K အဖွဲ့အနေနဲ့ Solo Boy Band Concert လုပ်နိုင်ဖို့ ကြိုးစားနေပါပြီ” ဟု Project K အဖွဲ့ဝင်များက ပြောထားသည်။  အဆိုပါဖျော်ဖြေပွဲကို အကောင်အထည် ဖော်ဖြစ်ပါက Project K အဖွဲ့သားများအတွက် ပထမဆုံး Concert ပွဲတစ်ခုဖြစ်သည်။

လက်ရှိ တောင်ကိုရီးယားတွင် ပြုလုပ်ခဲ့သည့် Asia Song Festival 2020 ဖျော်ဖြေပွဲတွင် ကြုံတွေ့ခဲ့ရသည့် အနုပညာအကြောင်းအရာများကိုလည်း ချစ်ပရိသတ်များသိရှိစေရန် မျှဝေပေးရန်စီစဉ်ထားကြောင်း Project K အဖွဲ့ဝင် ထက်ဘုန်းနိုင်က ပြောသည်။

Project K အဖွဲ့သည် လူငယ်ကောင်လေး ၇ ယောက်ဖြစ်သည့် ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်နှင့် မင်းခန့်ဟိန်း စသည့်အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။ ယင်းတို့ အဖွဲ့သည် ၂၀၁၆ ခုနှစ်က ကိုရီးယာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် Seoul K-Pop International Cover Dance ၌ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့သည့်အဖွဲ့လည်း ဖြစ်သည်။ မိန်းကလေးပရိသတ်  အားပေးမှု အခိုင်အမာရရှိထားသည့် Project K အဖွဲ့သည် ပြီးခဲ့သည့်လပိုင်း က The Beginning တေးအယ်လ်ဘမ်ကို ထွက်ရှိထားသေးသည်။

(WP)






အခြားဆက်စပ်သတင်းများ